မြန်မာ့နွေဦး

တော်လှန်သော T.G.R Women Drone Force အမျိုးသမီးတပ်ဖွဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေ

မဲခေါင် 11 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၁ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် T.G.R Women Drone Force အဖွဲ့ဟာ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်နေပြီလို့ တပ်ဖွဲ့၀င် အမျိဒးသမီး တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် T.G.R Women Drone Force အဖွဲ့ဟာ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်နေပြီလို့ တပ်ဖွဲ့၀င် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က ငါန်းဇွန်မြို့နယ်၊ ရေလည်သောင် အနောက်ဘက်က ပျူရွာကို အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်သား တစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ ဇူလိုင် ၂၀ ရက်နေ့ကလည်း ၂ ပွဲ ဆက်တိုက် မစ်ရှင် ဆောင်ရွက်ခဲ့ပါတယ်။ ပထမ လုပ်ဆောင်မှု နေရာဟာ စစ်ခွေးတွေ အထိုင်ကျတဲ့ နေရာဆိုတော့ ထိခိုက်သေဆုံးမှု သတင်း မသိရပါဘူး။ အဲဒီနေ့ ဒုတိယ မစ်ရှင် ထပ်မံ လုပ်ဆောင်ရာမှာတော့ စစ်ခွေး ၂ ကောင် အထိနာခဲ့ပါတယ်” လို့ T.G.R Women Drone Force အဖွဲ့ အမျိုးသမီး ရဲဘော်တစ်ဦးက ပြောပါတယ်။

T.G.R Women Drone Force ကို အမျိုးသမီး သီးသန့်အဖွဲ့အဖြစ် ခေါင်းဆောင် ဗိုလ်တိုက်ဂါး က ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိ မြောင်မြို့နယ်မှာ စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိပါက သွားရောက် တိုက်ခိုက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

“ တိုက်ခိုက်ရေးတွေကိုလည်း ဆရာဗိုလ်တိုက်ဂါး ဆီကပဲ သင်တန်း တက်ထားကြတာပါ။ ခုချိန်ထိ စစ်ကြောင်း တစ်ခု ထွက်တယ် သတင်းကြားရင် လိုက်လံ ပစ်တယ် ထုတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ပဲ ရပ်တည် နေပါတယ်” လို့ T.G.R Women Drone Force ခေါင်းဆောင်ကျားခင်စိန် ကပြောပါတယ်။

အမျိုးသားများနည်းတူ တော်လှန်ရေးသော အမျိုးသမီးတွေဖြစ်လို့ စစ်ဆင်ရေး တာ၀န် ထမ်းဆောင်ရာမှာ သွားလာ နေထိုင်ရေးတွေမှာ ခက်ခဲမှုတွေရှိပေမယ့် ပေးအပ်လာတဲ့ တာဝန်တွေကို ပြီးစီးအောင် ဆောင်ရွက်နိုင် တယ်လို့ ဆိုပါတယ်။

“ ကွာခြားချက်ကတော့ ယောက်ျားတွေလို သန်မာချင်ယောင် ဆောင်နေပေမယ် တချို့ နေရာတွေမှာတော့ မတူဘူးပေါ့နော်။ ပြေးတာကအစ သူတို့လောက် မပြေးနိုင်တာမျိုးတွေပေါ့။ ဒါပေမယ့် တာဝန်တစ်ခု ပေးကြည့် အဲဒီတာဝန်က အဲဒီ အမျိုးသမီးကို ခွန်အားအဖြစ် ပြောင်းလဲသွားစေလိမ့်မယ်။ အမျိုးသမီး တစ်ယောက်ကို မလုပ်နိုင်ဘူး လို့တော့ ဘယ်တော့မှ အထင်မသေးပါနဲ့။ အမျိုးသမီးတွေက ပိုပြီး သန်မာတတ်ကြပါတယ်” လို့ ကျားခင်စိန် ကပြောပါတယ်။

T.G.R Women Drone Force စတင်ဖွဲ့စည်းစဥ်က ကြောက်ရွံ့စိုးထိတ်မှုတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ စစ်ကြောင်း လှုပ်ရှားမှု သတင်းကြားရင် တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေ ထောက်ပံ့လှူဒါန်းမှုနဲ့ ဒရုန်း တစ်စီးကို ကျပ်သိန်း ၁၅၀ နဲ့ ဝယ်ယူထားပြီး နေ့စဥ် လေ့ကျင့်နေတဲ့ ကျွမ်းကျင်အဆင့် အမျိုးသမီး ရဲဘော်များက ဒရုန်း တိုက်ခိုက်မှုတွေမှာ ပါဝင်လျက် ရှိနေတယ်လို့ သိရပါတယ်။

CJ-005

#T.G.RWomenDroneForce

#မြောင်

#အမျိုးသမီးတပ်ဖွဲ့

#ဒရုန်းတပ်ဖွဲ့

#ကျားခင်စိန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now