မြန်မာ့နွေဦး

တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာခင် ရောက်လာတော့မယ်လို့ NUG ဆို

မဲခေါင် 18 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၈ နယ်ပယ်ပေါင်းစုံမှာ ကျရှုံးနေတဲ့ စစ်တပ်နဲ့ စစ်ကောင်စီကို အနည်းငယ်မျှ နားခွင့်မပေးဘဲ အမြစ်ပြတ်တဲ့အထိ ဝိုင်းပတ်ချေမှုန်းမယ့် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာခင် ရောက်လာတော့မှာကို ယုံကြည်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၈

နယ်ပယ်ပေါင်းစုံမှာ ကျရှုံးနေတဲ့ စစ်တပ်နဲ့ စစ်ကောင်စီကို အနည်းငယ်မျှ နားခွင့်မပေးဘဲ အမြစ်ပြတ်တဲ့အထိ ဝိုင်းပတ်ချေမှုန်းမယ့် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာခင် ရောက်လာတော့မှာကို ယုံကြည်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မနေ့က ကျရောက်တဲ့ ကရင်နီပြည် တပ်မတော်-KA ရဲ့ (၇၅) နှစ်ပြည့်သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အဲ့ဒီလို ပြောဆိုထားတာ ဖြစ်ပါတယ်။

စစ်မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စပြီး လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး အမြောက်၊ အတွဲလိုက်ပစ်ဒုံးတွေ အလွန်အကျွံ အသုံးပြုပြီး ကရင်နီပြည်နယ်ကို ယနေ့အထိ ထိုးစစ်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့ပေမယ့် စစ်ကောင်စီ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအင်အား ဘယ်လိုပဲ သာလွန်နေပါစေ ကရင်နီပြည် စစ်မြေပြင်မှာ စစ်ကောင်စီတပ်ဟာ အလူးအလဲ ရှုံးနိမ့်လျက် ရှိတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း ကရင်နီ တပ်မတော်နဲ့တကွ ကရင်နီ အမျိုးသား တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ် အနစ်နာခံမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည် တပ်မတော်၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်နဲ့ အခြားသော တော်လှန်ရေး တပ်ဖွဲ့များရဲ့ ထက်သန်ပြင်းပြတဲ့ တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နဲ့ ပူးပေါင်း အားထုတ်မှုတွေကို အလေးအနက် ဦးညွတ် အသိတ်အမှတ် ပြုတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မနေ့က ကျရောက်တဲ့ ကရင်နီပြည် တပ်မတော်-KA ရဲ့ (၇၅) နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်နယ် တစ်နေရာမှာ ကျင်းပခဲ့ရာ သက်ဆိုင်ရာ တပ်မှူး၊ တပ်ဗိုလ်များ၊ ရဲဘော်ရဲဘက်များနဲ့ ပြည်သူလူထုများ တက်ရောက်ခဲ့ပါတယ်။

CJ 002

#MeKongNews

#NUG

#ကရင်နီပြည်_တပ်မတော်နေ့

#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now