မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင် 26 May - 2023
မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မေ ၂၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တောင်ခင်ရန်း ရဲစခန်းဟာ စစ်ကောင်စီတပ်သားတွေ စခန်းချနေသလို ပျူစောထီးတွေ ဝင်ထွက်သွားလာ နေတာဖြစ်လို့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ABSDF COLUMN (၃) ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“စခန်းထဲကို အ‌‌ဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာပါ။ ထိခိုက်ကျဆုံးမှုတော့ ရှိပါတယ်။ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။ ဒီရက်ပိုင်းလည်း ကျွန်တော်တို့ ABSDF က စစ်ကောင်စီကို တိုက်ခိုက်တာတွေလည်း များတော့လေ” လို့ သူကပြောပါတယ်။

ကျောင်းသား တပ်မတော် ABSDF ရဲ့ထုတ်ပြန်ချက်မှာတော့ တောင်ခင်ရန်း ရဲစခန်းထဲက စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ အရာရှိ တစ်ဦး ခြေထောက်ကို လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ခြေထောက် ဖြတ်ပစ်လိုက်ရတယ်လို့ တပ်တွင်း သတင်းရစ်မြစ်ကို ကိုးကား ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ABSDF Column (၃)၊ အမှတ် (၁၂) တပ်ရင်း၊ ယောဒေသ စခန်းက ရဲဘော်တွေ၊ ဒေသခံ PDF တွေ နဲ့ ပ.က.ဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၄ ရက်ကလည်း ရှမ်းပြည်နယ် ‌မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကျောက်မော ရဲစခန်းကို ABSDF က ဝင်သိမ်းခဲ့လို့ တပ်ကြပ်အဆင့်ရှိသူ တစ်ဦး အပါအဝင် ရဲ ၄ ဦး သေဆုံးပြီး လက်နက်ငယ် ၆ လက်ရခဲ့တယ်လို့ သိရပါတယ်။

MK-007

#MeKongNews

#ဂန့်ဂေါမြို့နယ်

#ABSDF

#တောင်ခင်ရန်းရဲစခန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now