မြန်မာ့နွေဦး

တောင်ကြီး မောချယ်ဂိတ်နဲ့ ဆေးတပ်ရင်းတိုက်တန်း ဆိုင်ခန်းတွေကို စစ်တပ်က ဘူဒိုဇာနဲ့ ဖျက်ဆီးနေ

မဲခေါင် 28 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မောချယ်ဂိတ်နဲ့ ဆေးတပ်ရင်း တိုက်တန်းက ဆိုင်ခန်းတွေကို စစ်တပ်က ဒီကနေ့မှာ ဘူဒိုဇာနဲ့ စတင်ဖျက်ဆီး နေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မောချယ်ဂိတ်နဲ့ ဆေးတပ်ရင်း တိုက်တန်းက ဆိုင်ခန်းတွေကို စစ်တပ်က ဒီကနေ့မှာ ဘူဒိုဇာနဲ့ စတင်ဖျက်ဆီး နေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေထံက သိရပါတယ်။

တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်းရှိ မောချယ်ရီကားကွင်း ဆိုင်ခန်းတွေနဲ့ ဗိုလ်ချုပ်လမ်းမကြီး၊ ဆေးတပ်ရင်းအ မှတ်(၂) ပတ်ဝန်းကျင်က ဆိုင်ခန်းတွေကို ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ မနက် ၆ နာရီခွဲကတည်းက ဘူဒိုဇာတွေနဲ့ လာထိုးချနေတာ။ မောချယ်ရီကွင်းကတော့ ဆိုင်ခန်း တော်တော်များများ ဖယ်ပေးပြီးကြပြီ။ ဖယ်ပေးဖို့ လုံးဝ အဆင်မ‌ပြေသေးလို့ မဖယ်ရသေးတဲ့ ဆိုင်ခန်းတွေပဲ ကျန်တယ်။ ဆေးတပ်ရင်း ဆိုင်ခန်းတွေကတော့ တော်တော်များများ မဖယ်ရသေးဘူး။ အဲဒါကို အိပ်နေတုန်း ဘူဒိုဇာကြီးတွေ ရောက်ချလာပြီး ထိုးဖျက်နေတာ” လို့ ဆိုင်ခန်းငှား တစ်ဦးက ပြောပါတယ်။

အဲဒီ ဆိုင်ခန်းတွေဟာ တပ်ပိုင်မြေပေါ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စာချုပ်စာတမ်းနဲ့ တရားဝင် ငှားရမ်းပြီး ဆိုင်ခန်းတွေ ဖွင့်လှစ်ထားတာဖြစ်ကာ အခုလို ထိုးချ ဖျက်ဆီးမှုကြောင့် မိသားစု ဝမ်းရေး အတွက် လုပ်ကိုင်နေကြရတဲ့ အိမ်ထောင်စု အများအပြား အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

‌မောချယ်ရီကားကွင်း၊ ဆေးတပ်ရင်းတိုက်တန်း အပါအဝင် ရှမ်းရိုးမ တိုက်တန်း၊ ကရင်မရေထွက် တိုက်တန်းတို့ရှိ ဆိုင်ခန်း ၅၁၁ ခန်းကို သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့၊ မဖယ်ရှားပါက ဘူဒိုဇာနဲ့ ဖျက်ဆီးမယ်လို့ ဆိုင်ခန်းငှားတွေကို စစ်တပ်မှ ဇန်နဝါရီလ ၂၅ ရက်က ခေါ်ယူတွေ့ဆုံ သတိပေး ပြီးနောက် ဒီကနေ့မှာ စတင်ဖျက်ဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆိုင်ခန်း ၅၁၁ ခန်းကို မှီခိုအားထားနေရတဲ့ အိမ်ထောင်စု ၄၀၀ ကျော်ရှိပြီး လက်ရှိ ဆိုင်ခန်းနေရာသစ် မရှာဖွေနိုင်တဲ့ အိမ်ထောင်စု အများအပြား ရှိနေသလို စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲဖြစ်နေတဲ့ မိသားစု အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ မိုင်းရှင်းဖို့အတွက် ပြည်သူ့စစ်က တစ်အိမ် ၁ သိန်း ကောက်ဖို့စီစဉ်

ဆီဆိုင်မြို့နယ်တစ်ခုလုံးမှာ မိုင်းရှင်းလင်းဖို့အတွက် ပအိုဝ်းပြည်သူ့စစ် (PNA)က တစ်အိမ် ၁ သိန်း ကောက်ခံမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံနဲ့မိုးဗြဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

ယ်ခုံနဲ့ မိုးဗြဲက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှမ်းတောင်တော်လှန်ရေးအဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝန်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွယ်ဂျယ် ခလရ-၁၄၂ တပ်တွင်းမှ ငွေအများအပြား KIA သိမ်း၊ စစ်ကောင်စီတပ်က တရုတ်ငွေနဲ့ ကျောက်စိမ်းတွေ ယူပြီး တရုတ်ထဲ ထွက်ပြေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ခလရ - ၁၄၂ ထဲက ငွေ အများအပြားနဲ့ ပစ္စည်းတချို့ကို ဧပြီလ ၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းဆည်း ရရှိထားကြောင်း KIA အသိုင်းအဝိုင်းဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now