မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ စားအုန်းဆီ တန်းစီးရင်း ရန်ဖြစ်ထိုးကြိတ်မှုတွေ မကြာခဏဖြစ်နေလို့ ဒေသခံတွေ စိတ်ညစ်

မဲခေါင် 16 Sep - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဆီကုန်သည်များအသင်းက စားအုန်းဆီ လှည့်လည် ရောင်းချပေးတဲ့ နေရာတွေမှာ မကြာခဏ ရန်ဖြစ် ထိုးကြိတ်မှုတွေ ဖြစ်နေလို့ စိတ်ညစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဆီကုန်သည်များအသင်းက စားအုန်းဆီ လှည့်လည် ရောင်းချပေးတဲ့ နေရာတွေမှာ မကြာခဏ ရန်ဖြစ် ထိုးကြိတ်မှုတွေ ဖြစ်နေလို့ စိတ်ညစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ စားအုန်းဆီ တစ်ပိဿာကို ၄,၅၀၀ ကျပ်နဲ့ ၅,၅၀၀ ကျပ်ကြား ဈေးနှုန်းနဲ့ ရောင်းချပေးလို့ ပြင်ပစျေးနှုန်းထက် သက်တာတာကြောင့် တန်းစီ ဝယ်ယူသူ များတာနဲ့အမျှ အခုလို ရန်ဖြစ် ထိုးကြိတ်မှုတွေ မကြာခဏ ဖြစ်လာတာလို့ ဆိုပါတယ်။

“တစ်အိမ်တစ်ယောက်ဆို တော်ပြီပေါ့။ အခုဟာက မိသားစု ၄ ယောက်ရှိရင် ၄ ယောက်လုံး လာတော့ ကျန်တဲ့ သူတွေအတွက် နစ်နာတယ်။ ကျမ ရှေ့မှာပဲ တိုကင်နေရာလုပြီး အရင်ဦးတဲ့ လူက စထိုးတာ။ နောက်မှ ဝင်လာတဲ့ သူလည်း ပြန်ထိုးတော့ ရန်ဖြစ်ကြတာ။ မိန်းကလေး အချင်းချင်းလည်း အော်ဟစ် ရန်ဖြစ်နေကြတာ” လို့ တန်းစီဝယ်ယူခဲ့တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အခု စက်တင်ဘာလ အတွင်း စားအုန်းဆီ တန်းစီရင်း ရန်ဖြစ်မှု အနည်းဆုံး ၅ ကြိမ်အထိ ရှိခဲ့ပြီး တုတ်ဆွဲ ဓါးဆွဲ အခြေအနေအထိ ဖြစ်နေတာကြောင့် တန်းစီသူတွေနဲ့ ပတ်၀န်းကျင်းမှာ နေထိုင်သူတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်နေကြတယ်လို့ ဆီရောင်းချရာမှာ ပါ၀င်ကူညီနေတဲ့ စည်ပင် ၀န်ထမ်း တစ်ဦးက ပြောပါတယ်။

စီးပွားရေး ကျပ်တည်းလို့ မိသားစုဝင် အားလုံး လာရောက် တန်းစီကာ ရတဲ့ဆီကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းတာတွေကြောင့် အမှန်တကယ် ဆီလိုအပ်သူတွေ မကျေနပ်လို့ ပြောဆိုရာက စကားများ ရန်ဖြစ်ကြတာလို့ သူကဆိုပါတယ်။

“မလိုအပ်ပဲ ဝယ်ကြတော့ တကယ် မရှိတဲ့သူတွေ အတွက် အများကြီး နစ်နာတယ်။ အခု ကြည့်ရသလောက်ဆိုရင် နာမည်ကြီး လက်ဖက်ရည်ဆိုင် ဝန်ထမ်းတွေကအစ ပါနေတယ်။ အောက်ခြေ လူတန်းစားကိုလည်း စာနာပေး စေချင်တယ်” လို့ ဆီ၀ယ်ယူဖို့ တန်းစီနေတဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။

လက်ရှိ မြို့မဈေး အနောက်ဘက်၊ ကျောင်းကြီးစုရပ်ကွက် ကျောက်တစ်လုံး လမ်းပေါ်က ဖြိုးကြွယ်စတိုး အရှေ့၊ မင်္လာဦးရပ်ကွက် မြင်းရုပ်အနီး၊ အနောက်မြို့ပတ်လမ်း ရတနာသီရိရပ်ကွက် စတဲ့ နေရာတွေမှာ ရက်အလိုက် အလှည့်ကျ ရောင်းပေးနေပေမယ့် ဝယ်ယူသူ များပြားတာကြောင့် လုံလောက်မှု မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

CJ-007

#MekongNews

#တောင်ကြီးမြို့

#စားအုန်းဆီ

#မှောင်ခိုစျေးကွက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now