မြန်မာ့နွေဦး

တိုက်ပွဲတွေကြောင့် ဖားဆောင်းဒေသခံ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

မဲခေါင် 28 Jun - 2023
မဲခေါင်၊ ဇွန် ၂၈ ကယား(ကရင်နီပြည်) ဖားဆောင်းမြို့ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီမဟာမိတ် တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၈

ကယား(ကရင်နီပြည်) ဖားဆောင်းမြို့ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီမဟာမိတ် တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းကတည်းက တဖြည်းဖြည်း စစ်ဘေးရှောင် ထွက်လာကြတာဖြစ်ပြီး အခု ဇွန်လကုန်ခါနီး မြို့ထဲမှာ လူကုန်သလောက် ဖြစ်နေပြီလို့ လက်ရှိ လွိုင်ကော်မြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တစ်မိသားစုလုံးက လွိုင်ကော်ကို ပြေးလာကြတာ။ ဖားဆောင်းမှာက အဖေတစ်ယောက်ပဲ ကျန်ခဲ့တော့ စိတ်ပူရတယ်။ လွိုင်ကော် – ဖားဆောင်းလမ်းက ပိတ်ထားတာ တစ်နှစ်လောက် ကြာပြီဆိုတော့ တောလမ်းကပဲ စစ်ရှောင်ရတာပေါ့။ အဲဒီ တောလမ်းတောင်မှ စစ်ရှောင် ထွက်ကြမှန်းသိလို့ ဗုံးကျဲသေးတာ။ တချို့ကတော့ မော်ချီးဘက်ကို ရှောင်ကြတာပေါ့။ အဲဒီမှာက အခု ငြိမ်နေသေးတယ်လေ” လို့ တိုက်ပွဲအခြေအနေတွေကို သူက ပြောပြပါတယ်။

အခုလို စစ်ဘေးရှောင်ထွက်ကြသူတွေ များနေပေမယ့် အခြေခံ လက်လုပ်လက်စား လူတန်းစား အနည်းငယ်ဟာ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် မြို့ထဲမှာပဲ ကျန်နေသေးတယ်လို့ သူက ဆက်ပြောပြပါတယ်။

လက်ရှိ စစ်ဘေးရှောင်လာသူတွေထဲမှာ သက်ကြီးရွယ်အို၊ လူမမာ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ နာတာရှည် ရောဂါသည်တွေ ပါဝင်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်လာကြသူတွေ ဖြစ်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ဦးက “ကျမက အသက် ၈၀ ကျော်ပြီဆိုတော့ သားသမီးတွေက အတင်းရှောင်ခိုင်းတာနဲ့ ဒီတောင်ကြီး အမျိုးတွေနား လာနေတာ။ ဟိုမှာက သမီးနဲ့ မြေးတွေနဲ့ ကျန်ခဲ့တာ။ ဗုံးကျဲတယ်ဆိုတော့ စိတ်ပူတယ်။ ဖုန်းမရတာလည်း ၃ ရက်ရှိပြီ။ ဆုတောင်းပေးရုံပဲ တတ်နိုင်တော့တယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဖားဆောင်းမြို့နေ ပြည်သူတွေဟာ လွိုင်ကော်၊ ဖယ်ခုံ၊ မော်ချီး၊ အင်းလေး၊ တောင်ကြီး၊ ထိုင်းနိုင်ငံနယ်စပ်တွေဆီ စစ်ဘေးရှောင်နေကြရတာပါ။

ဇွန်လ ၂၅ ရက်နေ့က ဖားဆောင်းမြို့ထဲမှာ အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီးနောက် စစ်ဘေးရှောင် ထွက်လာသူတွေ ပိုများတယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေဟာ ဖားဆောင်းမြို့ပေါ်မှာ သူတို့ စခန်းချဖို့ ရှိတာကြောင့် “မသေချင်ရင် ထွက်သွားကြ” ဆိုပြီး ခြိမ်းခြောက် မောင်းထုတ်ခဲ့တယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။

CJ-007

#MeKongNews

#ဖားဆောင်း

#စစ်ရှောင်

#စစ်ကောင်စီ

#ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now