မဲခေါင်၊ မေ ၃
တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်နေစဉ်မှာပဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လို့ စစ်တပ်က ၅၀၅-က နဲ့ မတရား ဖမ်းဆီးထောင်ချခဲ့တဲ့ နိုင်ငံရေး အကျဉ်သားတွေ ထဲက ၂၁၅၃ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးမယ်လို့ ဒီကနေ့ မေလ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက ၅၀၅-က နဲ့ တရားစွဲဆို ထောင်ချထားတဲ့ အကျဉ်းသား ၂၁၅၃ ဦးကို နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေတဲ့ ပြစ်ဒဏ်ပါ ပေါင်းကျခံရမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကဆုန်လပြည့်နေ့မှာ အကျဉ်းသား လွှတ်လေ့ မရှိပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မျက်နှာလုပ်ဖို့ အချိန်ကိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာလို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောပါတယ်။
နိုင်ံငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ -AAPP ရဲ့ထုတ်ပြန်ချက် အရ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ ပြည်သူ ၂၁၈၀၀ ကျော်ရှိပြီး အကျဉ်းထောင်အတွင်း သေဒဏ်နဲ့ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၁၂၁ ဦးထိရှိလာပြီလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007
#MeKongNews
#တရုတ်
#ကဆုန်လပြည့်
#အကျဉ်းသား