ဒေသတွင်းသတင်း

တစ်လတည်းမှာ သားနဲ့သမီးကို ဆုံးရှုံးခဲ့ရတဲ့ စစ်ရှောင်အမျိုးသမီး

မဲခေါင် 24 Jan - 2024
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကနေ စစ်ဘေးရှောင်လာတဲ့ ဒေါ်ထူးလီက သားဖြစ်သူနဲ့ သမီးဖြစ်သူကို ဒီဇင်ဘာလ တစ်လထဲမှာပဲ ဆုံးရှုံးလိုက်ရတယ်လို့ သူကပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကနေ စစ်ဘေးရှောင်လာတဲ့ ဒေါ်ထူးလီက သားဖြစ်သူနဲ့ သမီးဖြစ်သူကို ဒီဇင်ဘာလ တစ်လထဲမှာပဲ ဆုံးရှုံးလိုက်ရတယ်လို့ သူကပြောပါတယ်။

‘သမီးနဲ့ သားတို့ မရှိတော့ ရင်ကျိုးတယ်ပေါ့နော် စိတ်နာတယ်။ ရှေ့ဆက်ဘာဆက်လုပ်ရမလဲမသိဘူး။ အိပ်မရဘူး။ စားလည်းမဝင်ဘူး။ ဒီရက်အထိပဲ။ သတိရရင် မျက်ရည်ကျတယ်။ ဘုရားလက်ထဲပဲ အပ်ထားရတယ်။ သူတို့ကောင်းရာ ဘုံဘဝရောက်ဖို့ပဲမေတ္တာပို့နေရတယ်’

စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ထူးလီက စစ်ကောင်စီတပ်အာဏာမသိမ်းခင်က တောင်ယာနဲ့ နှမ်းခင်းလုပ်ငန်းကို နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်ခဲ့ပြီး သားသမီးတွေရှာဖွေကျွေးမွေးမှုနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုကြောက်လို့ ၂၀၂၁ ခုနှစ် ၅ လပိုင်းကတည်းက မိသားစုဝင်အားလုံးနဲ့အတူ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ဘေးရှောင်နေခဲ့ရပါတယ်။

စစ်ဘေးရှောင်ရတဲ့အချိန် သမီးကြီးဖြစ်သူက မိဘကိုပြန်လုပ်ကျွေးနိုင်ဖို့ နိုင်ငံခြားထွက်အလုပ်လုပ်ဖို့အတွက် ရန်ကုန်မှာ သင်တန်းတက်နေချိန် ၂၀၂၂ ခုနှစ် ၁၀ လပိုင်းက စစ်ကောင်စီတပ်ရဲ့ PDF တွေကို ဖုန်းဘေထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အင်းစိန်ထောင်တွင်းဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရချိန်မှာ သမီးဖြစ်သူနဲ့အတူ ငွေကျပ် သိန်း ၈၀ ကျော်ပါ ပါသွားပြီး ထောင်တွင်းအာဏာပိုင်တွေက ပြန်မပေးဘူးလို့ဆိုပါတယ်။

မောင်ဖြစ်သူက မိဘတွေကို ကူညီစောင့်ရှောက်ပေးနေရင်းကနေ အမဖြစ်သူ မတရား ဖမ်းဆီးခံရတါကြောင့် စိတ်နာပြီး PDF ထဲဝင်ကာ ရှေ့တန်းတိုက်ပွဲတွေကို ဝင်ရောက်တိုက်ခိုက်နေခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူက အင်းစိန်ထောင်တွင်းရှိနေပြီး ၂၀၂၃ ခုနှစ် ၁၂ လပိုင်း ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ နှလုံးရောဂါအခံကြောင့် နာမကျန်းဖြစ်ချိန် ထောင်တွင်းအာဏာပိုင်တွေက ဆေးကုသပေးဖို့ အချိန်ဆွဲနေခဲ့ပြီး အချိန်မှီကုသခွင့်မရလို့ ၂၁ ရက်နေ့မှာတော့ ထောင်တွင်းအသက်ဆုံးရှုံးခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် သားဖြစ်သူကလည်း ၂၀၂၃ ခုနှစ် ၁၂ လပိုင်း ၂၆ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

သားဖြစ်သူရဲ့ဈာပနအခမ်းအနားပြုလုပ်ပြီးချိန်မှ သမီးဖြစ်သူ သေဆုံးရမှုကို ရေဒီယိုကနေတဆင့် သိရပြီး တလအတွင်း သားနဲ့သမီးကို ရှေ့ဆင့်နောက်ဆင့်ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းပူဆွေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သမီးဖြစ်သူ နိုင်ငံခြားထွက်နိုင်ဖို့ ရှာဖွေချေးငှားထားတဲ့ပိုက်ဆံတွေလည်း ဆုံးရှုံးခဲ့ရတဲ့အပြင် ပြန်ဆပ်ဖို့အတွက် ငွေကြေးအခက်အခဲတွေလည်း ရှိနေတယ် လို့ စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ထူးလီက ပြောပါတယ်။

အခုလက်ရှိအချိန်မှာ နီးစပ်ရာ ဆွေမျိုးတွေက ကူညီပံ့ပိုးမှုနဲ့သာ ရှေ့ဆက်နေရပြီး သားနဲ့သမီးကို ဆုံးရှုံးရမှုအတွက် ဖြေမဆည်နိုင်ဘဲ နေ့စဉ်ငိုကြွေးမိပြီး စားမဝင်အိပ်မပျော် ဖြစ်နေရပါတယ်။

CJ-004

#MeKongNews

#သားသမီး

#ဆုံးရှုံး

#စစ်ကောင်စီ

#စစ်ရှောင်

#ထောင်ကျ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now