မြန်မာ့နွေဦး

ညောင်ရွှေ၊ ကျားတွန်ရွာကို ဝင်မရလို့ စစ်ကောင်စီက ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦးကိုဖမ်းဆီး

မဲခေါင် 30 Dec - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က ကျားတွန်ရွာကို စစ်ကောင်စီတပ်က PNO နဲ့ပူးပေါင်းပြီး ဝင်ဖို့ကြိုးစားရာမှာ မအောင်မြင်တာကြောင့် ညောင်အုတ်ဘုန်းကြီးကျောင်းက ဆရာတော်နဲ့ လူ ၃ ဦးကိုဖမ်းဆီးခဲ့သွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ရက်နေ့ ညနေ ၅ နာရီခန့်က အင်းတိန်ရွာ၊ ညောင်အုတ်ဘုန်းကြီးကျောင်း ဆရာတော်နဲ့အတူ ကိုသန့်ဇင်၊ ကိုတိုးရစ်အောင်နဲ့ အမျိုးသမီးတစ်ဦးတို့ကို PDFတွေနဲ့ ဆက်စပ်နေတယ်လို့ဆိုပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PNO နဲ့ ပျူစောထီး တွေကိုခေါ်ပြီး ရွာထဲပေးဝင်ဖို့ ဆရာတော်ဆီ သွားပြောတာ ဆရာတော်က အခြေအနေတွေ ရှုပ်အောင်မလုပ်ဖို့ တောင်းပန်တာကို လက်မခံဘဲ ဖမ်းခေါ်သွားတယ်။ ကိုဗစ်တုန်းက ဆေးကုပေးတဲ့ ပရဟိတကျန်းမာရေးမှူးနဲ့ နောက်လူတစ်ယောက်ရယ် မိန်းမတစ်ယောက် လည်းပါသွားတယ်

လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေက ညောင်အုတ်ဆရာတော်ကို ဖမ်းဆီးရာမှာ လက်နှစ်ဖက်ကို အတင်းဆွဲပြီး ခေါ်ဆောင် သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဆရာ​တော်ဟု စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျောင်းတွင်း စစ်ရှောင်စခန်းဖွင့်ကာ စောင့်ရှောက်ထားသူဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် လွန်ခဲ့တဲ့ လပိုင်းက ဆေးရုံတက်ထားရသူလည်းဖြစ်တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ဆရာတော်နဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုသန့်ဇင်အောင်ဟာ အရင်က ကျန်းမာရေးမှူးအဖြစ် လုပ်ကိုင်ဖူးပြီး အင်းတိန်စျေးမှာ ဆေးဆိုင်ဖွင့်တာပါ။

ပျူစောထီး နဲ့ PNO တွေက လမ်းပြပြီးခေါ်လာတာ။ ပျူစောထီးတွေက နန်းပန်၊ အင်းပေါခုံ ၊ မင်းချောင်းရွာက လူတွေလေ။ စစ်တပ်က စစ်သင်တန်းတက်ပြီး အဖွဲ့ထဲဝင်ရင် တစ်လကို ဆန်တစ်အိတ်နဲ့ လစာတစ်သိန်းခွဲပေး မယ်ဆိုလို့ ဝင်ထားကြတာ တစ်လ နှစ်လ လောက်ပဲ ရှိကြသေးတယ်

လို့ အင်းလေးဒေသခံတစ်ဦးက ပြောပြသည်။

ဒီဇင်ဘာ ၂၈ ရက် မနက်ကနေ ယခုလက်ရှိအချိန်ထိ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ PNO တွေက နေရာအနှံ့လုံခြုံရေးတင်းထားပြီး စစ်ဘေးရှောင်စခန်းတွေကိုသွားရောက်ကာ ဖုန်းရှာဖွေစစ်ဆေးတာ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ သေနတ်ပစ်ခတ်ပြီး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now