မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် 31 Mar - 2023
မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး တစ်အိမ် ၅သောင်း အဓမ္မကောက်ခံနေတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

မဲခေါင် ၊ မတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး တစ်အိမ် ၅သောင်း အဓမ္မကောက်ခံနေတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် PNO ပြည်သူ့စစ်က ကာကွယ်ရေးစရိတ်ဆိုပြီး ပင်လောင်းမြို့နယ်မှာ ငွေကောက်ပြီးနောက်မှာ ဆီဆိုင်မြို့နယ်ကိုပါ ကောက်လာတာဖြစ်တယ်လို့ ဆီဆိုင်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

“(နောက်ဆုံး) ရက်အတိအကျတော့ မပြောလာသေးဘူး။ တစ်လအတွင်း PNO မြို့နယ် အုပ်ချုပ်ရေးမှူးတွေဆီ အရောက်ပို့ပေးရမယ်လို့ပဲ ပြောသေးတယ်။ သူတို့ကောက်တာကတော့ သူတို့ PNO အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ရွာသူကြီးတွေကို ကောက်ခိုင်းတာလေ” လို့ သူကပြောပါတယ်။

အဲ့ဒီလိုငွေကောက်တာကို ပင်လောင်းမြို့နယ်မှာတော့ မတ်လကုန်နောက်ဆုံးထားပြီး ပေးရမယ်လို့ ရက်ချိန်းပေးထားတာ ဖြစ်ပါတယ်။

PNO ပြည်သူ့စစ်အနေနဲ့ တစ်အိမ် ၃သောင်းကောက်တာ တစ်နှစ်တောင်မပြည့်သေးပဲ အခုလို ၅သောင်းထပ်ကောက်တာဟာ တောင်ယာပဲလုပ်ကိုင်နေရတဲ့ ကျေးလက်ပြည်သူအနေနဲ့ အဆင်မပြေတာကြောင့် ပြည်သူလူထုကို ငဲ့ညှားသနားသင့်တယ်လို့ ငွေကြေးဆင်းရဲတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့မိသားစု တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ဒါတောင် သူများအလုပ်ရှိလို့ ခေါ်တဲ့ရက်မှ သွားရတာ။ အရင် ၃သောင်းကောက်တုန်းကလည်း ချေးငှားပြီးထည့်ရတယ်။ အခုက ၅သောင်းတဲ့ ထည့်ဖို့လည်းအဆင်မပြေဘူး။ မထည့်ရင်လည်း ကြောက်ရတယ်။ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ အဲ့ဒီဒေသခံကပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ စစ်တပ်နဲ့ အစဉ်အဆက် ဆက်ဆံရေးကောင်းမွန်ပြီး နှစ် ၃၀ ကျော် ပအိုဝ်းအမျိုးသားပိုင်စီးပွားရေး လုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်ပေမယ့် ယခုအချိန်ထိ ပြည်သူလူထုအပေါ် ငွေကြေးကောက်ခံနေသေးတာ နားမလည်နိုင်ဖြစ်ရတယ်လို့ ပအိုဝ်းလူငယ်တစ်ဦးဖြစ်တဲ့ ခွန်ကျော်ခေါင်ကပြောပါတယ်။

“PNO စီးပွားရေး တာဝန်ခံ နေဝင်းထွန်း တစ်ယောက်တည်းတောင် ကုမ္ပဏီ ၁၀ ကျော် ပိုင်ပြီး ဒေါ်လာ ဘီလျံနဲ့ချီ ချမ်းသာနေတာလေ။ အဲ့ဒါကို လူထုဆီ ဂုတ်သွေးစုပ်နေသေးတယ် အံ့ဩစရာကြီးပေါ့ဗျာ”လို့ သူကဆက်ပြောပါတယ်။

PNO အတွင်းရေးမှူးအဖွဲ့ဝင် စီးပွားရေးတာဝန်ခံ ဦးနေဝင်းထွန်းဟာ ပတ္တမြားနဂါး ကျောက်မျက်ရတနာ၊ ပတ္တမြားနဂါး တူးဖော်ရေး၊ ပတ္တမြားနဂါး ကုန်သွယ်ရေး၊ ပတ္တမြားနဂါး ဆောက်လုပ်ရေး ၊ နဂါးဘိလပ်မြေ စတဲ့ ကုမ္ပဏီ ၁၁ ခုကို ပိုင်ဆိုင်ထားပါတယ်။

အဲ့ဒီ ငွေကြေးကောက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးမြင့်အောင်ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံခြေဆိုခြင်းမရှိပါဘူး။

PNOဟာ လက်ရှိအာဏာရှင်တော်လှန်ရေးမှာ စစ်ကောင်စီဘက်ကနေပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ် ညွှန်ကြားရေးဌာန လက်အောက်က ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်ပါတယ်။

ပုံအညွှန်း – စစ်ကောင်စီခေါင်းဆောင်နဲ့ PNO ခေါင်းဆောင် တွေ့ဆုံစဉ်
CJ – 002

#MeKongNews

#ဆီဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now