မြန်မာ့နွေဦး

ဆိုင်းတောင်ရွာ တိုက်ပွဲ လက်နက်ကြီးထိမှန်လို့ အိမ်တွေပျက်စီးပြီး KIA က ကား ၃ စီး သိမ်းဆည်းရရှိ

မဲခေါင် 4 Oct - 2023
ကချင်ပြည်နယ်၊ ဖားကန့် ‌ရတနာ‌မြေ၊ ဆိုင်းတောင်ရွာမှာ အောက်တိုဘာ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ KIA၊ K-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ လက်နက်ကြီး ထိမှန်လို့ နေအိမ် ၂ အိမ် ပျက်စီးပြီး KIA ဘက်က ကား ၃ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်ထံက သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ ဖားကန့် ‌ရတနာ‌မြေ၊ ဆိုင်းတောင်ရွာမှာ အောက်တိုဘာ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ KIA၊ K-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ လက်နက်ကြီး ထိမှန်လို့ နေအိမ် ၂ အိမ် ပျက်စီးပြီး KIA ဘက်က ကား ၃ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်ထံက သိရပါတယ်။

တိုက်ပွဲ အတွင်း စစ်ကောင်စီတပ် အသုံးပြုတဲ့ Pajero ကားတစ်စီး၊ Vigo 4 Wheels ကားတစ်စီး၊ Kluger ကားတစ်စီး သိမ်းဆည်း ရရှိထားပြီး လက်နက် ခဲယမ်း ဘယ်လောက် သိမ်းဆည်း ရရှိတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

“ မနက် ၁၀ နာရီ လောက်က စဖြစ်ပြီး။ နေ့လယ် ၁၂ နာရီကနေ ညနေ ၂ နာရီခွဲ ဝန်းကျင် အထိ ပြင်းထန်နေတာ။ လက်နက်ကြီးကျလို့ လက်ဖက်ရည်ဆိုင် မီးလောင်သွားတယ်” လို့ ‌ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ဆိုင်းတောင်၊ မှော်ရှန်ရပ်ကွက်နဲ့ ဘွမ်ရာရပ်ကွက် ဘက်တွေမှာ တိုက်ပွဲဖြစ်ရာ စာသင်ကျောင်း အနီးက နေအိမ် တစ်အိမ် လက်နက်ကြီး ထိမှန်သွားတယ်လို့ သူက ပြောပါတယ်။

“ တိုက်ပွဲ ဖြစ်လာလို့ ဆိုင်တွေ အကုန်ပိတ်တာ။ ကိုယ့်အိမ်မှာပဲ ပုန်းနေကြတာ။ ကတုပ်ကျင်းတွေတော့ တူးထားဖို့ ပြောထားတာရှိတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ထိမှန်လို့ မီးလောင်စဥ် လူပိတ်မိခဲ့တယ်လို့ သိရပေမယ် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သူက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၃ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ KIA တို့ ဗန်မော်-မြစ်ကြီးနားလမ်း၊ ဆမားလမ်းဆုံမှာ မနက် ၆ နာရီခွဲခန့်က စတင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုင်လွမ်အောင်ဂျာ ဘက်မှာလည်း ခယာတောင်ဘက်က စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီနဲ့ KIA တို့ မနက် ၁၁ နာရီနဲ့ နေ့လယ် ၁ နာရီကြား အကြား တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ရှေ့တန်း အသိုင်းအဝိုင်းက သိရပါတယ်။

ဆိုင်းတောင်ရွာ တိုက်ပွဲ အပါအ၀င် မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း ၂ ဖက် ထိခိုက် သေဆုံးမှု အ‌ြေခအနေကိုတော့ မသိရသေးပါဘူး။

အောက်တိုဘာ ၂ ရက်နေ့ ကလည်း ဗန်မော်-မြစ်ကြီးနားလမ်း၊ လိုင်လွမ်အောင်ဂျာဘက်ကို စစ်ကောင်စီ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၃ ကြီမ် ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့၊ ညနေကလည်း ဖားကန့် ဆိုင်းတောင်၊ ရပ်ကွက် (၁) ရှိ ရဲစခန်းကို K-PDF က Drone နဲ့ ဗုံးကြဲ တိုက်ခိုက်ရာ ရဲ ၄ ဦး သေဆုံးခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

CJ-008

#MekongNews

#ဖားကန့်

#KIA_PDF

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now