မြန်မာ့နွေဦး

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲအတွင်း ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါး စစ်ကောင်စီ ဖျက်ဆီး

မဲခေါင် 9 Sep - 2023
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဘာသာရေးအဆောက်အအုံပေါင်း ၂၀၀ နီးပါးကို ဖျက်ဆီးခဲ့တယ်လို့ Radio Free Asia (RFA) သတင်းဌာနက သူတို့ကောက်ယူထားတဲ့ စာရင်းတွေကို ထုတ်ပြန်ရေးသားပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၉

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဘာသာရေးအဆောက်အအုံပေါင်း ၂၀၀ နီးပါးကို ဖျက်ဆီးခဲ့တယ်လို့ Radio Free Asia (RFA) သတင်းဌာနက သူတို့ကောက်ယူထားတဲ့ စာရင်းတွေကို ထုတ်ပြန်ရေးသားပါတယ်။

ဒီစာရင်းကို ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ဒေသခံ ပြည်သူလူထုတွေရဲ့ သတင်းပေးချက်နဲ့ ထုတ်ပြန်ချက်တွေကို စာရင်းကောက်ပြီး ထုတ်ပြန်ရေးသားခဲ့တာဖြစ်ပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေးအဆောက်အအုံ တစ်ဝက်နီးပါးဟာ လက်နက်ကိုင်တော်လှန်သူတွေ ပိုမိုအားကောင်းတဲ့ ချင်းပြည်နယ်အတွင်းမှာဖြစ်ပြီး ချင်းခရစ်ယာန်ဘုရားကျောင်းပေါင်း ၈၅ လုံးအထိ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြသွားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေအားလုံးကို အလွတ်မပေးဘဲ ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ရာမှာ ချင်းပြည်နယ်ပြီးရင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းဒေသမှာ ဒုတိယအများဆုံးပျက်စီးပြီး ဘာသာရေးအဆောက်အအုံ ၅၀ ဖျက်စီးခံခဲ့ရပါတယ်။

ဒီဒေသမှာ တော့အများစုဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေဖြစ်ပြီး ရှမ်းနဲ့ ကယားမှာ ၃၉ နေရာ၊ မကွေးမှာ ၁၉ နေရာ၊ ကရင်၊ မွန်နဲ့ ပဲခူးအရှေ့ပိုင်းဒေသတွေမှာ ၅ နေရာ ပျက်စီးခဲ့ရပါတယ်။

ဒီစာရင်းမှာ စုစုပေါင် ဘာသာရေး အဆောက်အအုံ ဖျက်စီးခံရမှု ၁၉၈ ခု ရှိပြီး ဩဂုတ်တစ်လတည်းမှာပဲ ချင်းပြည်နယ်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဘာသာရေးအဆောက်အအုံ ၇ ခုထိ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။

ချင်း နှစ်ခြင်းအသင်းတော် အထွေထွေအတွင်းရေးမှူး ဘုန်းတော်ကြီး လွန်းမောင့်က စစ်ဖြစ်နေချိန် ဘေးကင်းဖို့ လူတွေအားလုံးဟာ ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းပြီး ခိုအောင်းနေတာကို သိလို့ ရည်ရွယ်ပြီး လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်၊ မီးတင်ရှို့မှုတွေကို စစ်ကောင်စီတပ်တွေက လုပ်ဆောင်ခဲ့ကြတာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း၊ ရင်တွေကွဲကြေရကြောင်း၊ ဘယ်တုန်းကမှ မဖြစ်သင့်သလို ဘယ်တော့မှလဲ ထပ်မဖြစ်သင့်ကြောင်း၊ ကျူးလွန်ခိုင်းတဲ့ ခေါင်းဆောင်တွေရဲ့ ဒုစရိုက်အပေါ် ခွင့်လွှတ်မှုတွေဆိုတာ မရှိနိုင်ကြောင်း ပြောကြားသွားပါတယ်။

စစ်ကောင်စီဟာ ဘာသာခြားအဆောက်အအုံတွေကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘဲ စစ်ကိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၄၀ ၊ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်းနဲ့ ပလီ ၃ ခုကို ဖျက်ဆီးခဲ့ပါသေးတယ်။

NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ဒီလို ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို မှတ်တမ်းဆက်လက်တင်ထားပြီး တစ်နေ့မှာ ဒီပြစ်မှုအတွက် စစ်ခေါင်းဆောင်တွေ အကြမ်းဖက်လုပ်ဆောင်မှု ရာဇဝတ်ဘေး ပြေးလွတ်မှာမဟုတ်ဘူးလို့ ဒုဝန်ကြီး Ngai Tam Maung က ပြောဆိုပါတယ်။

Ref: rfa
MKF-001

#MeKongNews

#စစ်ကောင်စီ

#ဘာသာရေး

#ဖျက်ဆီး

#အဆောက်အအုံး

#ချင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now