မဲခေါင်၊ ဇန်နဝါရီ ၂၅
မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲ့ တပ်ခွဲ (၄) စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်နိုင်ဖို့ အတွက် ရှေ့ထွက်မိုင်း ၆၂ လုံးကို ဆက်လက် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အလုံးရေ ၁၀၀ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် ကုန်ကြမ်း မလုံလောက်တာကြောင့် ၆၂ လုံးသာ ထုတ်လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အခုလ အတွင်း ရဲဘော်တွေ အတွက် လိုအပ်တဲ့ ဒရုန်း တစ်စီး၊ အီကွေးမက် ၇ စုံ၊ ကျည်ဆန်၊ အမိုနီယမ် တစ်အိတ်၊ အိုင်ကွန်နားကြပ် ၁၀ ခု၊ ဘက္ထရီအိုးနဲ့ မိုင်းထောင်ရာမှာ လိုအပ်တဲ့ ပစ္စည်း တွေကို ဝယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင် ဂုဏ်ပြုတယ်လို့ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။
“ ကျွန်တော်တို့ စင်္ကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ တိုက်ပွဲများ မကြာခဏ ဖော်ဆောင်လျက်ရှိသည့် အလျှောက် လိုအပ်လာသော တိုက်ခိုက်ရေး ပစ္စည်းများ ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ဆက်လက် ထောက်ပံ့ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံ လိုက်ရပါတယ် ခင်ဗျာ” လို့ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ပခုက္ကူမှ မြိုင်စက်မှု (၂) သို့ ထွက်လာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို သရက်ကန်ပျူစခန်းနဲ့ ကိုင်းတောမနယ်မြေ ရဲစခန်းကြားမှာ ရှေ့ထွက်ပြောင်း၊ ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှုတွေ ရှိသလို ဒဏ်ရာ အပြင်းအထန် ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
MK-003