မဲခေါင်၊ မတ် ၅
အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ပါတယ်။
NUG ပေးပို့တဲ့သ၀ဏ်လွှာမှာ ၇၄ နှစ်ပြည့်ပြီဖြစ်တဲ့ ပအိုဝ်းအမျိုးသားနေ့အတွက် ဂုဏ်ယူ၀မ်းမြောက်ကာ ပအိုဝ်းတိုင်းရင်းသားတွေဟာ ဘာသာတရား၊စာပေယဥ်ကျေးမှုမြင့်မားတဲ့လူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်မှာ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်တွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာပါ၀င်ခဲ့ကြသလို လက်ရှိနွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်အုပ်စုကိုပူးပေါင်းတော်လှန်နေကြတာ အခြေအနေတစ်ခုကိုရောက်နေတာကြောင့် စစ်အာဏာရှင်တို့လုပ်လေ့ရှိတဲ့ တိုင်းရင်းသားပြည်သူတွေကြားကို သွေးခွဲမှုတွေကိုလည်း သတိထားကြဖို့လိုတယ်လို့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
ပြည်သူတွေအားလုံးပါ၀င်နေကြတဲ့ ဒီနွေဦးတော်လှန်ရေးမှာ နိုင်ငံနဲ့ ပြည်သူတွေအတွက် အသက်၊သွေးချွေးပေးဆပ်ခဲ့ကြတဲ့ ပအိုဝ်းတိုင်းရင်းသားတွေအတွက်လေးစားဂုဏ်ယူရတယ်လို့ဆိုပြီး ပြည်တွင်း၊ပြည်ပက ပအိုဝ်းတိုင်းရင်သားတွေနဲ့ တိုင်းရင်သားပြည်သူတွေအတူတကွပူးပေါင်းပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်နိုင်ငံကို တည်ထောင်ကြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
MK-007