မြန်မာ့နွေဦး

စစ်ရေးအရအရေးပါတဲ့ ကျောက်တံခါးမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ

မဲခေါင် 13 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ဟာ စစ်ရေးအရ အရေးပေါတာကြောင့် စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၃

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ဟာ စစ်ရေးအရ အရေးပေါတာကြောင့် စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့ ရက်ပိုင်းတွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကျောက်တံခါးမြို့နယ်မှာ လယ်ကွင်းနဲ့ ကွင်းပြင်တွေသာရှိပြီး တောတောင် မထူထပ်ပေမဲ့ နယ်မြေ အနေအထား အရ ပဲခူး-တောင်ငူ မီးရထားလမ်းဘေး၊ စစ်တောင်းမြစ်နဲ့ မလှမ်းမကမ်းမှာ ဖြစ်သလို ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့လည်း နီးကပ်တဲ့နေရာ ဖြစ်ပါတယ်။

ဒီနယ်မြေ အနေအထားကြောင့် ကျောက်တံခါးမြို့နယ်ထဲ ၀င်ထွက်ဖို့နဲ့ သယ်ယူပို့ဆောင်ဖို့ လွယ်ကူပြီး စစ်ရေးအရ ဗျူဟာကျတာကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဟာ စစ်တပ်ကို အဓိက ထောက်ပံ့ပေးနေတဲ့ လက်နက်စက်ရုံ-ကပစ စက်ရုံ ဒုတိယ အများဆုံး ရှိတဲ့ တိုင်းဖြစ်တာကြောင့် နယ်မြေတွေ လက်မလွှတ်ရဖို့ အပြင်းအထန် ကြိုးစားနေတာလို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်တပ်အတွက် လက်နက်ခဲယမ်း လိုသလောက် ထုတ်လုပ်ပေးနေတဲ့ ကပစ စက်ရုံ ၂၅ ခု ရှိတာဖြစ်ပြီး မကွေးတိုင်းမှာ ၁၅ ခု၊ ပဲခူးတိုင်းမှာ ၇ ခု၊ နေပြည်တော်မှာ ၂ ခုနဲ့ ရန်ကုန် တိုက်ကြီးမြို့နယ်မှာ တစ် ခု တည်ရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက တိုက်ပွဲဖြစ်ခဲ့တဲ့ သမင်အင်းကုန်းကျေးရွာဟာ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်း တို့လို မြို့တွေနဲ့ နီးကပ်တဲ့ နေရာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြို့နားကပ်နေပြီ။ တောတောင် တိုက်ပွဲတွေ မဟုတ်တော့ဘူး။ မြေပြန့်တွေများတဲ့ သတ်ကွင်း ဖြစ်လာတယ်လေ။ လယ်ကွင်းတွေ ရွာတွေနဲ့ နီးတဲ့နေရာမှာလည်း ဖြစ်နေတာရယ်။ ကျွန်တော်တို့ဘက်က နယ်မြေစိုးမိုးမှုတွေ ရှိလာကြောင့်ရယ်ပါ” လို့ တော်လှန်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

စစ်တပ်အတွက် အသက်သွေးကြောဖြစ်တဲ့ ပဲခူးတိုင်း အခြေစိုက် လက်နက် စက်ရုံတွေဟာ တောတောင် ထူထပ်တဲ့ နေရာတွေမှာ တည်ရှိတာ ဖြစ်ပေမဲ့ စစ်ကောင်စီက ပဲခူးတိုင်း အတွင်း နယ်မြေတွေ တစ်စထက်တစ်စ ဆုံးရှုံးနေတာကြောင့် အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အဆိုပါ နယ်မြေတွေကို ပြန်လည် စိုးမိုးနိုင်ဖို့ ဇူလိုင်လ အစောပိုင်းက စပြီး တပ်မ (၇၇) အပါအဝင် ခြေလျင်တပ်ရင်း ခလရ (၆၀)၊ ခလရ (၂၆၄)၊ ခြေမြန်တပ်ရင်း ခမရ (၂၀)၊ ခမရ (၃၀၇)၊ ခမရ (၃၅၀)၊ ခမရ (၃၅၁)၊ ခမရ (၂၂၁)၊ ခမရ (၄၃၉)၊ ခမရ (၆၀၃)၊ ခမရ (၃၁၀) နဲ့ ပျူစောထီးတွေ၊ ရဲအင်အားတွေ ထုတ်နုတ် အသုံးပြုကာ အင်အား ထောင်ဂဏန်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့ တော်လှန်‌ရေး ပူး‌ပေါင်းတပ်ဖွဲ့တွေ ဘက်က ပြန်လည် တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နဲ့ ဩဂုတ်လ ၉ ရက် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၈၀ ထက်မနည်း သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သမင်းအင်းကုန်းကျေးရွာကို ဒီကနေ့ ဩဂုတ်လ ၁၂ ရက်မနက်ပိုင်းက ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ မတိုင်ခင်ကတည်းက ကျောက်တံခါးမြို့နယ်မှာ တိုက်ပွဲလေးတွေ ဖြစ်နေပေမဲ့ စစ်ရေး အခြေအနေကြောင့် မထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇူလိုင်လထဲ ရောက်မှသာ အသိပေးတာ ဖြစ်တယ်လို့ပြောပါတယ်။

“သမင်အင်းကုန်း တိုက်ပွဲ ဆိုတာ အခုမှ တင်လို့ သိကြတာ။ သို့သော် ဒီဖြစ်စဥ် မတိုင်ခင်မှာ တိုက်ပွဲငယ်လေးတွေ ရှိတယ်။ ဖြူးရဲစခန်း ဆိုရင် ကျွန်တော်တို့ပဲ ၀င်တိုက်ခဲ့တာ။ ဘာလို့ မတင်ပြလဲ ဆိုရင် တချို့ တိုက်ပွဲက ဗျူဟာမြောက် စစ်ဆင်ရေးတွေ အတွက် အရေးပါတဲ့ ဟာတွေ ဖြစ်နေတော့ ဖော်ပြလို့မရကြောင့် လည်းပါတယ်” လို့ နယ်မြေခံ တော်လှန်ရေးတပ် ရဲဘော် တစ်ဦးက ရှင်းပြပါတယ်။

လက်ရှိ စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို လမ်းအနီးအနားက မြို့တွေမှာ ဆက်သွယ်ရေးမြောင်းတွေ၊ ပစ်ကျင်းတွေ တူးပြီး တပ်စွဲထားတယ်လို့ သူကဆိုပါတယ်။

တော်လှန်ရေး အင်အားစုတွေက စစ်တောင်းမြစ်၀ှမ်း‌ အရှေ့ကမ်းက နယ်မြေတွေကို စစ်ရေးအရ ထိန်းချုပ်လှုပ်ရှား နိုင်နေတာကြောင့် စစ်ကောင်စီဘက်က ဒီနယ်မြေတွေ လက်မလွှတ်ရရေး ကြိုးပမ်း နေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ နယ်မြေ အခြေပြု တိုက်ပွဲတွေ မဟုတ်တော့ဘဲ နယ်မြေတိုးချဲ့ စိုးမိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်ဖို့ရှိတယ်လို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက အသိပေး ပြောဆိုထားပါတယ်။

MK-007

#Mekongnews

#ကျောက်တံခါးမြို့နယ်

#ကပစ

#စစ်တောင်းမြစ်၀ှမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now