မြန်မာ့နွေဦး

စစ်ဘေးရှောင်ပြည်သူတွေအတွက် ကရင်နီပြည်နယ်မှာ ပထမဆုံးအကြိမ် မိုဘိုင်း ရွေ့လျားတစ်ဝက်ဈေးဆိုင် ဖွင့်လှစ်ရောင်းချ

မဲခေါင် 8 Jul - 2023
မဲခေါင် ၊ ဇူလိုင် ၈ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်တွေအတွက် အကူအညီဖြစ်ဖို့ ရည်ရွယ်ပြီး HOPE- အဖွဲ့သားတွေက မိုဘိုင်း ရွေ့လျားတစ်ဝက်ဈေးဆိုင် ၄ ဆိုင်ကို ဇွန်လကုန်မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဇူလိုင် ၈

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်တွေအတွက် အကူအညီဖြစ်ဖို့ ရည်ရွယ်ပြီး HOPE- အဖွဲ့သားတွေက မိုဘိုင်း ရွေ့လျားတစ်ဝက်ဈေးဆိုင် ၄ ဆိုင်ကို ဇွန်လကုန်မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မိုဘိုင်း ရွေ့လျားတစ်ဝက်ဈေးဆိုင်ဆိုတာ ကုန်ပစ္စည်းအားလုံးကို မူရင်းဈေးထက် ၅၀ ရာခိုင်နှုန်း တစ်ဝက်တိတိ လျှော့ဈေးနဲ့ စစ်ဘေးရှောင်မိသားစုတွေကို ရောင်းချပေးနေတဲ့ ဆိုင်တွေဖြစ်တယ်လို့ HOPE အဖွဲ့က ပြောပါတယ်။

“HOPE အဖွဲ့ရဲ့ အစီအစဉ်ဟာ လူဦးရေ ၄၀၀၀ ကျော်ရဲ့ ဝမ်းရေးကို အပတ်စဉ် အထိုက်အလျောက်တော့ ဖြေရှင်းပေးနိုင်ခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထပ်ပြီးတိုးချဲ့တဲ့ တစ်ဝက်ဈေးဆိုင်တွေကိုတော့ အထိုင်မချတော့ဘဲ မိုဘိုင်း ရွေ့လျားစနစ်နဲ့ ရောင်းချပေးဖို့ဆုံးဖြတ်ခဲ့တာပါ” HOPE အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်တဲ့ တစ်ဝက်ဈေးလျှော့ရောင်းပေးတဲ့ မိုဘိုင်း ရွေ့လျားတစ်ဝက်ဈေးဆိုင်ကို တစ်လ ၄ ကြိမ်၊ တစ်ကြိမ်ကို စစ်ဘေးရှောင်စခန်းတစ်ခုနှုန်း နဲ့ တစ်လကို စစ်ဘေးရှောင်စခန်း ၄ ခုမှာ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

HOPE အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၁၀ လကတည်းက အထိုင်ချပြီး ရောင်းတဲ့စနစ်နဲ့ တစ်ဝက်ဈေးဆိုင် ၄ ဆိုင်ကို စစ်ဘေးရှောင်မိသားစုတွေအတွက် ရောင်းချပေးခဲ့ရာမှ အခုအခါမှာတော့ တစ်ခြား စစ်ဘေးရှောင်စခန်းတွေကပါ တောင်းဆိုလာတာကြောင့် မိုဘိုင်းရွေ့လျား တစ်ဝက်ဈေးဆိုင် ၄ ဆိုင်ကိုပါ ထပ်မံတိုးချဲ့ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်မိသားစုတွေအတွက် ရည်ရွယ်တဲ့ အဲ့ဒီ ရွေ့လျားတစ်ဝက်ဈေးဆိုင်မှာ အသက်ရှင်နေထိုင်ဖို့ နေ့စဉ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်ပစ္စည်း နဲ့ အခြေခံအကျဆုံး တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေကို အဓိကရောင်းချပေးနေတာလို့ HOPE အဖွဲ့ကပြောပါတယ်။

“ကျွန်တော်တို့ HOPE အနေနဲ့ ဒီမိုဘိုင်း တစ်ဝက်ဈေးဆိုင်လေးတွေ လုပ်ဖြစ်ဖို့ တော်တော် အချိန်ယူခဲ့ရပါတယ်။ ကောက်ရိုးမီး မဖြစ်စေပဲ စနစ်တကျနဲ့ ရေရှည်ဖြစ်စေဖို့ HOPE ရဲ့ထုံးစံအတိုင်း ဘာလုပ်လုပ် စနစ်တကျ ဖြစ်စေဖို့ အဖွဲ့သားအားလုံး ကြိုးစားခဲ့ရပါတယ်” လို့ HOPE အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တစ်ဝက်ဈေးဆိုင်လို့ နာမည်ပေးထာပေမယ့် တစ်ချို့ ကုန်ပစ္စည်းတွေကိုတော့ တစ်ဝက်ကျော် သုံးပုံ နှစ်ပုံ အထိ ဈေးလျှော့ပြီး ရောင်းချပေးတာတွေလည်း ရှိတာကြောင့် စစ်ဘေးရှောင်မိသားစုတွေ ရေရှည်တောင့်ခံနိုင်ဖို့ တစ်ဝက်ဈေးဆိုင်လေးတွေမှာ ပါဝင်အားဖြည့် ကူညီကြဖို့ကိုလည်း အဲ့ဒီအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

တစ်ဝက်ဈေးဆိုင်ကို HOPE အဖွဲ့ကနေတဆင့် စစ်ဘေးရှောင်စခန်း တာဝန်ခံတွေနဲ့ လူငယ်တွေကိုယ်တိုင်က ရောင်းချပေးတာဖြစ်ပါတယ်။ အဲ့ဒီ ရောင်းချရတဲ့ ပစ္စည်းတွေကို HOPE အဖွဲ့က စစ်ဆေးပြီး ကုန်သွားတဲ့ ပစ္စည်းတွေကို ပြန်လည်ဖြည့်တင်းပေးတဲ့စနစ်ဖြစ်ပါတယ်။

CJ – 002

#MeKongNews

#ကရင်နီ

#မိုဘိုင်းဈေးဆိုင်

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now