မြန်မာ့နွေဦး

စစ်တပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပေမယ့် တစ်လကျော်တဲ့အထိ လက်ခတ်တောင်ခြေ မကပ်နိုင် ဖြစ်နေ

မဲခေါင် 26 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၆ KNLA ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ မြ၀တီမြို့ အနီးက လက်ခတ်တောင် စခန်းကုန်းကို စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး ပြန်သိမ်းဖို့ ကြိုးစားနေပေမယ့် တစ်လကျော်တဲ့အထိ တောင်ခြေနားကို မကပ်နိုင်သေးဘူးလို့ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်တာဘော က ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၆

KNLA ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ မြ၀တီမြို့ အနီးက လက်ခတ်တောင် စခန်းကုန်းကို စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး ပြန်သိမ်းဖို့ ကြိုးစားနေပေမယ့် တစ်လကျော်တဲ့အထိ တောင်ခြေနားကို မကပ်နိုင်သေးဘူးလို့ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်တာဘော က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ ၀ါဒဖြန့် မီဒီယာတွေက ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်တာဘော လက်ခတ်တောင် တိုက်ပွဲမှာ ကျသွားပြီး လက်ခတ်တောင် စခန်းကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီလို့ ဝါဒဖြန့်နေတာကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ဗိုလ်တာဘော က လူမှုကွန်ရက်စာမျက်နှာကနေ အခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် မြဝတီမြို့ တဝိုက်မှာ အထိုင်ချထားတဲ့ စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ တောင်ပေါ်ကို နေ့စဉ် အဆက်မပြတ် ပစ်ခတ်နေခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဩဂုတ်လ ၁၅ ရက် တစ်နေ့တည်းမှာ အကြိမ်ရေ ၃၀၀ ကျော်ထိ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က လက်ခတ်တောင်ကို စစ်ကြောင်းထိုးတိုင်း အင်အား ၁၀၀ ကျော်အထိ အသုံးပြုခဲ့တာဖြစ်ပြီး တင့်ကား၊ ဒုံးကျည် တွေသာမက လေကြောင်း ပစ်ကူတွေကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေက ဆိုပါတယ်။

“ဘယ်လိုပဲ ဝေဟင်သုံးနေပါစေ၊ ဘယ်လိုပဲ အင်အားများနေပါစေ။ အဓိက တော်လှန်ရေး ဘက်ကတော့ ရဲဘော် တစ်ယောက်ချင်းစီတိုင်း ပြည်သူလူထု တစ်ယောက်ချင်းစီတိုင်းက လက်မလျှော့သရွှေ့ အင်အားအပြည့်နဲ့ ရပ်တည်နိုင် သရွှေ့ကတော့ အာဏာရှင်တွေက ဘယ်လိုမှ ကျွန်တော်တို့ကို မယှဉ်နိုင်ဘူး” လို့ ဗိုလ်တာဘောက ပြောပါတယ်။

မြဝတီမြို့နဲ့ ၈ မိုင်ဝန်းကျင်သာ ကွာဝေးပြီး စစ်ကောင်စီ ခမရ (၁၁၈) တပ်ရင်းနဲ့ ခမရ (၂) တပ်ရင်း တပ်ဖွဲ့ဝင် အင်အား ၆၀ ကျော် စခန်းချရာ စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ အဆိုပါ စခန်းကုန်းကို ဇူလိုင် ၂၁ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ခတ်တောင်ကို စတင်သိမ်းပိုက်ပြီးချိန်ကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ၁၀ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများစွာနဲ့ အကြိမ်တိုင်း နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များတာကြောင့် လေကြောင်းကနေ ကူညီပစ်ခတ်ပေးခဲ့ရပြီး အလောင်းတွေကို မကောက်နိုင်ဘဲ ပြန်ဆုတ်ခွာသွားလို့ တော်လှန်ရေးတပ်တွေဘက်က အလောင်းကောက် သင်္ဂြိုဟ်ပေးရတာတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

“ကျွန်တော်တို့ အသံတွေ ကြားနေရတယ်၊ အဲ့ဒီနေ့က သူတို့လေယာဉ်လာနေပြီ ဆိုပြီး ပျော်နေကြတာ။ လေယာဉ်လည်း လာကြဲပြီးရော ခွေးပြေးဝက်ပြေး ပြေးပါလေရော။ အဲ့ချိန်က သူတို့ဘက်က အထိခိုက်က များနေပြီ။ ပြန်ဆုတ်ဖို့က ပိတ်မိနေတော့ လေယာဉ် ပစ်ကူတောင်းပြီး ပြန်ဆုတ်ကြတာ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဩဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲအခြေအနေကို ပြန်ပြောပြပါတယ်။

အဲ့ဒီနေ့ တစ်ရက်တည်းမှာ တော်လှန်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရာမှာ စစ်စား အလောင်း ၁၁ လောင်း အထိ တွေ့ရပြီး သေဆုံးသူ ပိုများနိုင်တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် တစ်ဦးက သုံးသပ်ပါတယ်။

ဇူလိုင်လ ၂၀ ရက်ကနေ စတင်ခဲ့တဲ့ လက်ခတ်တောင်ကြော တစ်လျှောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးနဲ့ ဗိုလ်မှူးတွေ အပါအဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ဝန်းကျင်အထိ များပြားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်ဘက်က ၃ ဦး ကျဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်တွေ အနေနဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက် ရရှိခဲ့တဲ့အပြင် စစ်တပ်ဘက်က ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်း အလင်းဝင်လာတယ်လို့ ကော်ဘရာက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ခတ်တောင်တိုက်ပွဲနဲ့ ပတ်သက်ပြီး အတိအလင်း သတင်းထုတ်ပြန်တာတွေ ဒီနေ့အထိ မရှိသေးပါဘူး။

လက်ရှိ လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ KNLA ပူးပေါင်းတပ်တွေဟာ “လူထုအားလုံး ပါဝင်ပေး ကော်ဘရာ စစ်ဆင်ရေး” ကမ်ပိန်း ပြုလုပ်နေပြီး ရှေ့တန်းရဲဘော်တွေ ထိခိုက်၊ ကျဆုံးမှု နည်းပါးဖို့နဲ့ လက်နက် ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

“စစ်ဆင်ရေး တော်တော်များများမှာ မထိခိုက်သင့်ဘဲနဲ့ ထိခိုက်တာ။ မကျဆုံးသင့်ဘဲနဲ့ ကျဆုံးတာတွေ တွေ့ရတယ်။ အနည်းအကျဉ်းတော့ ရှိတာပေါ့၊ အားလုံး မဖြည့်တင်းနိုင်သေးတဲ့ အခြေအနေမှာ တချို့ ရဲဘော်တွေ ကျည်ကာကြောင့် အသက်မဆုံးရှုံးရတာတွေ တွေ့ရတယ်။ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ကျဆုံးမှုတွေ နည်းသွားအောင် ဒဏ်ရာရတာတွေ နည်းသွားအောင် ရည်ရွယ်ပြီး ပထမ အချက် အနေနဲ့ ဒီကမ်ပိန်းကို လုပ်တာပါ“ လို့ ကော်ဘရာ စစ်ကြောင်းမှူးက ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေမှာ လက်နက် မလုံလောက်တာတွေနဲ့ ပြန်ဆုတ်ခွာ ရတာတွေ ရှိခဲ့တာကြောင့် တရှိန်ထိုး စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့အတွက် ဒီကမ်ပိန်းကို လုပ်နေတာလို့ သိရပါတယ်။

တော်လှန်ရေး ၂ နှစ်ကျော်ကာလမှာ စစ်ရေးအရှိန် မြှင့်တင်လာခဲ့ရာ ခံစစ်ကနေ ထိုးစစ်အထိ စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တာကြောင့် လူထုရဲ့ ကူညီ စည်းလုံး ထောက်ပံ့မှုအားတွေနဲ့အတူ အာဏာရှင် ပြုတ်ကျတော့မယ့် အချိန်ဟာ မကြာခင် ရောက်လာတော့မယ်လို့ ဩဂုတ် ၂၅ ရက်နေ့မှာ ဗိုလ်တာဘော က ပြောဆိုသွားပါတယ်။

MK -009

#လက်ခတ်တောင်

#KNLA

#ကော်ဘရာစစ်ကြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now