ဒီကနေ့ မနက်ပိုင်းမှာ နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်နေတဲ့ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုက” စစ်ခွေး နိဂုံး ၂၀၂၃” စာသားကိုင်ဆောင်ပြီး အားအင်အပြည့်နဲ့ စစ်အာဏာရှင် ကျဆုံးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး အတွက် ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အလားတူ “အာရုံမလွဲစေနဲ့” ၊ “စိတ်မကွဲစေနဲ့” ၊ “တစ်သံတည်းချီ”၊ “တညီတည်းရုန်းကြ” စာတန်းတွေ ကိုင်ဆောင်ကာ ဒီမိုကရေစီအရေး ကြွေးကြော်ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။