မြန်မာ့နွေဦး

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ရင်း ၂ ခု ပြည်သူ့ဘက်က ရပ်တည်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နေ

မဲခေါင် 20 Jun - 2023
မဲခေါင်၊ ဇွန် ၂၀ ထိုင်း-ကရင်နီ နယ်စပ်၊ မယ့်စဲမြို့နယ်မှာ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နေတဲ့ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်‌ရေးတပ်ဦး-KNPLF တပ်ရင်း (၂) ခုဟာ နယ်ခြားစောင့်တပ်ကနေ အသွင်ကူးပြောင်း လာတာ ဖြစ်တယ်လို့ တိုးတတ်သော ကရင်နီပြည်သူ့ အင်အားစု-PKPF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇွန် ၂၀

ထိုင်း-ကရင်နီ နယ်စပ်၊ မယ့်စဲမြို့နယ်မှာ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နေတဲ့ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်‌ရေးတပ်ဦး-KNPLF တပ်ရင်း (၂) ခုဟာ နယ်ခြားစောင့်တပ်ကနေ အသွင်ကူးပြောင်း လာတာ ဖြစ်တယ်လို့ တိုးတတ်သော ကရင်နီပြည်သူ့ အင်အားစု-PKPF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်က ၂၀၀၉ ခုနှစ်မှာ ဖိအားပေးလို့ KNPLF တပ်ရင်း ၂ ခု နယ်ခြားစောင့်တပ်-BGF အဖြစ် အသွင်ကူးပြောင်းခဲ့ပေမဲ့ လက်ရှိ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့ အသွင်ကူးပြောင်းခဲ့တာလို့ ဆိုပါတယ်။

မယ့်စဲမြို့နယ်၊ ပန်းထိမ် အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၄) ဟာ မူလအတိုင်း KNPLF (4878) တပ်ရင်း ဖြစ်လာသလို ရွာသစ်မြို့ အခြေစိုက် BGF တပ်ရင်း (၁၀၀၅) ကလည်း မူလအတိုင်း (7894) တပ်ရင်းအဖြစ် ပြည်သူ့ဘက်က ပြန်လည်ရပ်တည်ပြီး အလံ၊ ယူနီဖောင်းနဲ့ ဘက်တံဆိပ်တွေ ပြောင်းလဲကာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပြီလို့ PKPF ကပြောပါတယ်။

ဇွန်လ ၁၄ ရက်ကစပြီး စစ်ကောင်စီရဲ့ မယ်စဲမြို့မ ရဲစခန်း၊ ဗျူဟာကုန်နဲ့ ထိုင်း-ကရင်နီ နယ်ခြားစခန်းတွေဖြစ်တဲ့ BP-14၊ BP-15 မယ်တနွယ်စခန်း နဲ့ BP-16 တောင်လှ စခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး နယ်ခြားစောင့် တပ်စခန်းတွေဖြစ်တဲ့ (၁၀၀၄) နဲ့ (၁၀၀၅) စခန်းဌာနချုပ်တွေကိုပါ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က တန်ပြန်တိုက်ခိုက်ရာ KNLPF ဌာနချုပ်စခန်းရှိတဲ့ ဟိုစဲ့မြို့သစ်၊ ဖားအောင်းမြို့ တစ်ဖက်ခြမ်းက KNPLF တပ်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာတွေကို လုပ်နေတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ပြောပါတယ်။

ဒီလို လေကြောင်း သုံးပြီး (၁၀၀၄) နယ်ခြားစခန်းကို ပြန်သိမ်းနိုင်ခဲ့ပေမဲ့ လက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြန်လည်သိမ်းယူခဲ့ပြီး စစ်တပ် တပ်စွဲထားနိုင်တာ B-13 စခန်းသာ ရှိတော့တာကြောင့် မကြာခင် မယ့်စဲမြို့နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မယ်လို့ PKPF ကပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တိုးတက်သော ကရင်နီပြည်သူ့အင်အားစုကို မဲခေါင်သတင်းဌာနက ဆက်သွယ် မေးမြန်းပေမဲ့ မအားလပ်တာကြောင့် ဖြေဆိုဖို့ ခေတ္တ ငြင်းဆိုထားပါတယ်။

လက်ရှိ မယ့်စဲမြို့နယ်ထဲမှာ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KNU/KNLA၊ KNPP/KA ၊ KNDF နဲ့ KNPLF တပ်ဖွဲ့တို့ ပူးပေါင်းပြီး 4K တပ်ပေါင်းစုအဖြစ် စစ်ကောင်စီကို တိုက်ထုတ်နေရာ စစ်ကောင်စီဘက် ဒီးမော့ဆို အရှေ့ခြမ်းကို ထိုးစစ်ဆင်ဖို့ ရောက်ရှိနေတဲ့ တပ်တွေ၊ ဖရူဆို-ဖားဆောင်း အခြေစိုက်တပ်တွေ စတဲ့ ကရင်နီပြည် နေရာအနှံ့က တပ်တွေ စုပေါင်းပြီး မယ့်စဲမြို့နယ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မယ့်စဲမြို့နယ်ကို စစ်ရေးအရ လက်လွှတ်ပေးရမဲ့ အခြေအနေ ဖြစ်နေတာကြောင့် စစ်ကောင်စီက တပ်မ အသစ်တွေ၊ အတွဲလိုက်ဒုံးနဲ့ ဟောင်ဝစ်ဇာ အမြောက်တွေ၊ စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေအပြင် စစ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မယ့်စဲမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်ဝိုက်က ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားပေးကြဖို့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံ ထားပါတယ်။

#MeKongNews

#ကရင်နီပြည်

#မယ့်စဲမြို့နယ်

#နယ်ခြားစောင့်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now