မြန်မာ့နွေဦး

စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ

မဲခေါင် 22 Aug - 2023
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ TNLA က ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၁

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ TNLA က ပြောပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့က လားရှို့မြို့နယ်အတွင်း တစ်ကြိမ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးတားအိုက်ကျော် က ပြောပါတယ်။

ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အသေးစိတ် အတည်မပြုရသေးဘူးလို့ သူက ပြောပါတယ်။

“ဒီနေ့တော့ တိုက်ပွဲသတင်း တက်လာတာ မရှိသေးဘူး။ ၁၉ ရက်နေ့ကတော့ ၃ နေရာလောက်ရှိတယ်။ ကွတ်ခိုင် ဘက်ရော လားရှိုးမြို့နယ်ဘက်ရောပေါ့။ မနေ့ကတော့ တိုက်ပွဲ မရှိဘူး။ စစ်ကောင်စီဘက် ထိခိုက်မှုကတော့ ရှိတော့ရှိတယ်။ အသေးစိတ်တော့ ကျွန်တော် မသိရသေးဘူး။ သူတို့ စစ်ကူပို့တဲ့ ယာဉ်တန်းက ကျွန်တော်တို့နဲ့ တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်တယ်။ လမ်းမပေါ်မှာ ဖြစ်တာပေါ့။ ကျွန်တော်တို့ ဘက်ကတော့ ထိခိုက်တာ မရှိဘူးခင်ဗျာ” လို့ ဒု-ဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောပါတယ်။

တအာင်း တပ်မတော် တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးမြို့မှ သိန္နီဘက်သို့ ကား ၂ စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် ၁၄ မိုင်ကုန်းသို့ အရောက် သြဂုတ် ၁၉ ရက်၊ နေ့လယ် ၁ နာရီမှာ TNLAနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သူကဆိုပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာ အနီးမှာ စစ်ကောင်စီရဲ့ စကခ (၁၆)၊ ခလရ (၂၄၂) တပ်ဟာ TNLA တပ်ဘက် ထိုးစစ်ဆင်လာတာကြောင်း TNLA အမှတ် (၂၂၃) တပ်ရင်းနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့မှာပဲ ကွတ်ခိုင်မြို့ကနေ နမ့်ဖက်ကာမြို့ဘက်ကို ကား ၂၁ စီးနဲ့ ပစ္စည်း သယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း TNLA တပ်နဲ့ ထိပ်တိုက် တွေ့တာကြောင့် နေ့လယ် ၃ နာရီမှစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ TNLA ကပြောပါတယ်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ် အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၀ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အမြောက်အများကို TNLA က သိမ်းဆည်းရမိ ခဲ့ပါတယ်။

CJ-002

#MeKongNews

#ကွတ်ခိုင်မြို့နယ်

#TNLA

#ဗိုလ်မှူးကြီးတားအိုက်ကျော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now