မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင် 28 May - 2023
မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေအလွဲအပို့ရှိတဲ့ အကောင့်တွေကို ဦးတည်ချက်ထားပိတ်ဆို့နေတယ်လို့ K Pay အသုံးပြုသူများထံကသိရပါတယ်။

မဲခေါင်၊ မေ ၂၇

စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေအလွဲအပို့ရှိတဲ့ အကောင့်တွေကို ဦးတည်ချက်ထားပိတ်ဆို့နေတယ်လို့ K Pay အသုံးပြုသူများထံကသိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့နှစ်ကုန်ပိုင်းက ငွေလွဲအကောင့်များအား ပိတ်ဆို့မှုတွေလုပ်ခဲ့ကာ အသုံးပြုသူတွေ အခက်ခဲတွေဖြစ်ပေါ်ခဲ့ပြီး အခုထပ်မံကာ မေလ နောက်ဆုံးအပတ်ကစတင်ကာ အကောင့်ပိတ်ဆို့မှု လုပ်လာတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။

အဲ့ဒီပိတ်ဆို့မှုတွေကြောင့် ငွေအဝင်အထွက်များတဲ့ လုပ်ငန်းများ ၊ အွန်လိုင်းရှော့ လုပ်ငန်းများမှာ မှားယွင်းအပိတ်ခံထားရပြီးအကောင့်ပြန်လည်အသုံးပြုလိုပါက စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကို အသနားခံစာတင်ပြကာ စစ်ဆေးမှုတွေခံနေရတယ်လို့လည်း သိရပါတယ်။

“သူတို့က တော်လှန်ရေးအားကောင်းတဲ့နေရာတွေကို ငွေလွဲ၊ငွေပို့ထားတဲ့အကောင့်တွေကို ရွေးပိတ်တာ၊ အကောင့်ပြန်ဖွင့်ချင်ရင် အသနားခံစာတင်ပြီးသူတို့စာရင်းစစ်မယ် တစ်ခုခုမှားယွင်းရှိရင်တန်းဖမ်းမယ်ဆိုတဲ့သဘော၊ တစ်ချိူ့အလူုငွေပေးထားတာမျိူးရှိတဲ့သူတွေက အကောင့်ထဲ့ကငွေတွေဆုံးရှုံးမယ့် ပုံစံဖြစ်နေတယ်၊ အခုထိ စစ်ဆေးတာတွေဘဲလုပ်နေတယ် အကောင့်ပြန်မပွင့်သေးဘူး” လို့ K Pay အသုံးပြုပြီး အွန်လိုင်းရှော့လုပ်ကိုင်နေသူတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီက ငွေအသွင်းအထုတ်များပြားတဲ့ မသင်္ကာတဲ့ အကောင့်တွေကိုချိတ်ပိတ်ထားပြီး ကမ္ဘောဇဘဏ်ဘက်မှလည်း ဗဟိုဘဏ်ရဲ့ ညွန်ကြားချက်ဖြစ်တာကြောင့် သူတို့နဲ့သက်ဆိုင်မှုမရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

“မှားပိတ်ခံရတဲ့သူတွေက အလုပ်တွေနှောင်နှေးတယ်၊ အခက်ခဲတွေဖြစ်တာပေါ့ ၊ ကမ္ဘောဇဘဏ်ကလည်း သူတို့မသိဘူး ဗဟိုဘဏ်ခိုင်းလို့လုပ်ကတာ ဟိုမှာ သွားရှင်းလို့ပြောတယ် ဒီလိုမျိူးက ဘယ်နိုင်ငံမှာမှမရှိဘူး ၊အချက်အလက်မခိုင်လုံဘဲမလုပ်သင့်ဘူး” လို့ နောက်ထပ် K Pay အသုံးပြုသူကပြောပါတယ်။

စစ်ကောင်စီဘက်က K Pay အကောင့် ပိတ်ခံရသည်ဆိုတဲ့ သတင်းများ ထပ်မံပေါ်ထွက်လာတာကြောင့် အေးဂျင့်ဆိုင်တွေ K Pay ဖြင့် ငွေပေးချေမှု လက်ခံသော ဈေးဆိုင်တချို့မှာ အကောင့်ပိတ်ခံရမည် စိုးရိမ်လို့ ဝန်ဆောင်မှု ရပ်ဆိုင်းတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

MK – 006

#MeKongNews

#Kpay

#တော်လှန်ရေးအကောင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now