မြန်မာ့နွေဦး

စစ်ကောင်စီက စီဒီအမ်ဆရာဝန်တွေကို ပိုပြီးအညှိုးတကြီး ပစ်မှတ်ထား ဒုက္ခပေးလာ

မဲခေါင် 14 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၄ ၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ညီညီညွတ်ညွတ်ဆန့်ကျင်ပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ အလုပ်သမားတွေကို စစ်ကောင်စီက ပိုပြီးအညှိုးတကြီးနဲ့ ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ ကျန်းမာရေးစီဒီအမ်လုပ်သားတွေက အခိုင်အမာပြောဆိုနေကြပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ညီညီညွတ်ညွတ်ဆန့်ကျင်ပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ အလုပ်သမားတွေကို စစ်ကောင်စီက ပိုပြီးအညှိုးတကြီးနဲ့ ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ ကျန်းမာရေးစီဒီအမ်လုပ်သားတွေက အခိုင်အမာပြောဆိုနေကြပါတယ်။

ပြည်သူ့အစိုးရကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းမှုကို လက်မခံလို့ ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ စုစုပေါင်း ၆၀၀၀၀ ဟာ စီဒီအမ်လုပ်ပြီး စစ်ကောင်စီ ယန္တရား မလည်ပတ်ဖို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ အတင်းအကျပ် အလုပ်ပြန်လုပ်ခိုင်းမှုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် တာဝန်ထမ်းနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ရှိပေမယ့် ဒီနေ့အထိ စီဒီအမ်လုပ်ထားဆဲက ၄၅၀၀၀ ရှိတယ်လို့ CDM ဆေးဘက်ဆိုင်ရာ ကွန်ရက် သတင်းရင်းမြစ်အရ သိရပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်တွေကို ဖမ်းဆီးခဲ့တာ ၃၅၅ ယောက်ရှိပြီး CDM လုပ်လို့ ဆရာဝန်လိုင်စင်သိမ်းခဲ့တာ ၅၅၇ ယောက်ရှိပါတယ်။

ဆန္ဒပြမှုတွေကနေစပြီး ဆေးဘက်ဆိုင်ရာပရော်ဖက်ရှင်နယ်တွေ စစ်တပ်ရဲ့ ရက်စက်မှုကြောင့် သေဆုံးရတာ ၈၃ ယောက်ရှိပြီး ဒဏ်ရာ ရသူပေါင်း ၇၈၉ ယောက်ရှိတယ်လို့ စီဒီအမ်ဆေးဘက်ဆိုင်ရာကွန်ရက် အဖွဲ့က ကြေညာထားတယ်။

RFA ရဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လတည်းမှာ ဆေးဘက်ဆိုင်ရာ ပညာရှင် အနည်းဆုံး ၁၅ ယောက် ထပ်မံဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

CDM ဆေးဘက်ဆိုင်ရာကွန်ရက်က CDM ဆရာဝန် ဒေါက်တာစစ်မင်းနိုင်က “စစ်ကောင်စီဟာ ဆေးဘက်ဆိုင်ရာပညာရှင်တွေကို ဆန့်ကျင်သူမှန်သမျှ ရန်သူတော် တွေအဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားဖမ်းဆီးမှုတွေပိုလုပ်လာတယ်။ ကျွန်တော်တို့က ပြည်သူဆန္ဒကို ဆန့်ကျင်၊ မတရားအာဏာသိမ်းတဲ့ အကြမ်းဖက်အုပ်စုအောက်မှာ ဆက်ပြီးအလုပ်မလုပ်ချင်လို့ စီဒီအမ်လုပ်ခဲ့ကြတာပါ” လို့ ပြောသွားခဲ့တယ်။

NUG အစိုးရလက်အောက်က အမျိုးသားကျန်းမာရေးနှင့်ပညာရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါက်တာဇော်ဝေစိုး ကလည်း ဆရာဝန်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာ မြန်မာနိုင်ငံကို စစ်ကောင်စီက ဖျက်ဆီးပစ်နေတာပဲ၊ တစ်ကိုယ် ကောင်းသမားတွေက အာဏာတည်မြဲဖို့အားလုံးကို ချနင်းတာပဲ၊ လုံး၀ မဖြစ်သင့်တာတွေပါ လို့ ဝေဖန် သွားခဲ့တယ်။

ဒီဇင်ဘာလအတွင်းဖမ်းဆီးခံခဲ့ရတဲ့ဆရာဝန်တွေထဲမှာ မန္တလေးဆေးတက္ကသိုလ်က ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ခွဲစိတ်ပါရဂူ ဒေါက်တာဝင်းခိုင်ပါဝင်ပြီး သူ့ကိုဆေးခန်းမှာ အရပ်ဝတ်နဲ့လာဖမ်းပြီးနောက် ဆက်စပ်တဲ့ ဆရာဝန်တွေကို ထပ်ရှာဖွေဖမ်းဆီးနေပါတယ်။

ဒါအပြင် မန္တလေးက ပုဂ္ဂလိက ဆေးရုံ ငါးရုံကိုလည်း ပိတ်လိုက်ပါတယ်။ ကလေးပြည်သူ့ဆေးရုံက ဆရာဝန် မြင့်မိုကျော်နဲ့ ဆက်စက်သူတွေကိုလည်း စီဒီအမ်မှာပါဝင် တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။

MKF – 001
Ref:RFA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now