မဲခေါင်၊ မတ် ၈
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကျောက္ကချားကျေးရွာကို မတ်လ ၈ ရက် မှာ စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေဆုံးရတယ်လို့ PNLA က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မနက် ၁၁ နာရီမှာ စစ်ကောင်စီက ကျောက္ကချားကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ၂ ကြိမ်တိုင် ဗုံးကြဲခဲ့တာမှာ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၆ အိမ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၅၀ အရွယ်ရှိ ဦးခွန်ထွန်းဆိုသူဖြစ်တယ်လို့သိရပြီး အဲဒီရွာမှာ PNLA က တပ်စွဲထားတာ မရှိဘူးလို့ ပြောပါတယ်။
MK-012