မြန်မာ့နွေဦး

စစ်ကောင်စီကို ပိုပြီးကူညီနိုင်ဖို့ PNO ပြည်သူ့စစ်က တပ်ရင်း ၁၀ ရင်းအထိ တိုးချဲ့ဖို့ ပြင်ဆင်

မဲခေါင် 19 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၉ ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် PNO ပြည်သူ့စစ်က စစ်ကောင်စီကို အားဖြည့်ကူညီနိုင်ဖို့ တပ်ရင်း ၁၀ ရင်းပြည့်တဲ့အထိ တိုးချဲ့ဖွဲ့စည်းသွားမယ်ဆိုပြီး PNO ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ PNO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် PNO ပြည်သူ့စစ်က စစ်ကောင်စီကို အားဖြည့်ကူညီနိုင်ဖို့ တပ်ရင်း ၁၀ ရင်းပြည့်တဲ့အထိ တိုးချဲ့ဖွဲ့စည်းသွားမယ်ဆိုပြီး PNO ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ PNO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာမှာ ဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ရဲ့ အစည်းအဝေးမှာ အဲ့ဒီလို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာဖြစ်တယ်လို့ PNO နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ အစည်းအဝေးမှာ စစ်ရေးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက် ၃ ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး PNO တပ်ရင်းကို ၁၀ ရင်းအထိ တိုးချဲ့ဖွဲ့စည်းသွားဖို့၊ PNO ပြည်သူ့စစ်ရဲ့ စစ်သင်တန်းကို ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာအနီးမှာရှိတဲ့ အောင်ဆုဗွေစခန်းမှာ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ အရည်အချင်း မြှင့်တင်ဖို့အတွက် ဗိုလ်ကြီးအဆင့်မှစပြီး အရာရှိသင်တန်းပြုလုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ၃ ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“အစည်းအဝေးမှာက တပ်ရင်း ၁၀ ရင်းအထိ တိုးချဲ့မယ်လို့တော့ ပါတယ်။ ဘယ်လို တိုးချဲ့မှာလဲ လူဘယ်လို ခေါ်မှာလဲ ဆိုတာကတော့ တပ်မှူးတွေက နည်းလမ်းပေါင်းစုံနဲ့ လုပ်သွားမယ်။ ဘယ်အချိန်မှာ ၁၀ ရင်းပြည့်ရမယ် ဆိုတာတော့ သတ်မှတ်မထားဘူးဗျ၊ PDF တွေက အင်အားတွေများလာတော့ အင်အားလိုက်တိုးချဲ့တာ ဖြစ်မှာပေါ့။ လူကြီးတွေပြောတာတော့ နယ်မြေကာကွယ်ဖို့ပေါ့” လို့ PNO ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ လက်ရှိအချိန်မှာ တပ်ရင်း ၅ ရင်းနဲ့ ဖွဲ့စည်းထားပြီး ကရင်နီပြည်မှာ စစ်ကောင်စီနဲ့အတူပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

PNO ပြည်သူ့စစ်ဟာ နယ်မြေကာကွယ်ဖို့ တပ်ရင်းတိုးချဲ့မယ်လို့ ပြောပေမယ့် မောက်မယ်မြို့နယ် ပွန်ချောင်းအရှေ့ဘက်မှာရှိတဲ့ သူတို့ရဲ့ စခန်း ၄ ခုထက်မနည်းကိုတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS ကို ဒီနှစ်အတွင်းမှာ ပေးခဲ့ပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့အတူ လိုက်ပါတဲ့ PNO ပြည်သူ့စစ်ရဲ့ အထူးကွန်မန်ဒို တပ်ရင်းဟာ တပ်ရင်းမှူး အပါအဝင် ၃၀ နီးပါး သေဆုံးသွားတာကြောင့် PNO ပြည်သူ့စစ်က အင်အားထပ်မံဖြည့်တင်းဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

PNO ပြည်သူ့စစ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ခွင့်ပြုချက်နဲ့ ပအိုဝ်း ဒေသတွင်းရှိ ပြည်သူများကို တစ်ရွာ ၄ ယောက် မသွားမနေရစနစ်နဲ့ တပ်သားစစ်စုဆောင်းပြီး စစ်သင်တန်း ၇ ကြိမ်တိတိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် သင်တန်း ဆင်းလူငယ်တွေဟာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှာ စစ်သားမလုပ်လိုတာကြောင့် ထိုင်းနိုင်ငံကို အများအပြား ထွက်ပြေးခဲ့ပါတယ်။

အဲ့ဒီလို သင်တန်းဖွင့်လှစ်တဲ့အချိန်မှာ PNO ပြည်သူ့စစ်ဟာ ပအိုဝ်းလူထုထံက တစ်အိမ်ငွေကြေး ၃ သောင်းမှ တစ်သိန်းအထိ အကြိမ်ကြိမ်ကောက်ခံခဲ့ဖူးပါတယ်။

အခုလည်း PNO က ငွေကြေးထပ်မံကောက်ခံမှာကို ပြည်သူတွေက ကြောက်နေရတယ်လို့ ပအိုဝ်းလူငယ်တစ်ဦးက ပြောပါတယ်။

“အခု PNO လုပ်နေတာတွေက ကိုယ့်စရိတ်နဲ့ကိုယ် PNO သူဌေးတွေနဲ့ စစ်ကောင်စီအတွက် စစ်သားတွေက သေပေးနေရတဲ့အလုပ်။ အာဏာရှင် လက်ကိုင်တုတ်ဖြစ်နေတဲ့အလုပ်။ လူဘယ်လောက်များများ အာဏာရှင်ရဲ့ အားတွေသာဖြစ်နေတဲ့ အလုပ်မို့ အမှန်အတိုင်းပြောရရင် ရွံစရာကောင်းတယ်” လို့ သူကပြောပါတယ်။

အခုစုံစမ်းသိရှိရတဲ့ PNO ပြည်သူ့စစ်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထပ်မံ အတည်ပြုနိုင်ဖို့ PNO ပြည်သူ့စစ် တာဝန်ခံတွေကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားမှု မပြုခဲ့ပါဘူး။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီနဲ့အတူ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများစွာကို စစ်ကောင်စီနဲ့ ပူးပေါင်း ကျူးလွန်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

CJ-002

#MekongNews

#PNO_ပြည်သူ့စစ်

#စစ်ကောင်စီ

#တပ်ရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now