မြန်မာ့နွေဦး

ချပ်သင်းတိုက်နယ်က စစ်ရှောင်တဲတွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မဲခေါင် 13 Jun - 2023
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်က စစ်ရှောင်တဲတွေကို စစ်ကောင်စီတပ်တွေ ဇွန်လ ၁၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်က စစ်ရှောင်တဲတွေကို စစ်ကောင်စီတပ်တွေ ဇွန်လ ၁၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချပ်သင်းတိုက်နယ်ထဲက ဇင်းကျေးရွာ အနီးမှာရှိတဲ့ တနယ်ကြီးကွင်း(ဒေသအခေါ်) စစ်ရှောင်တဲတွေကို ခမရ (၃၆၁) နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းက မီးရှို့သွားခဲ့တာကြောင့် စစ်ရှောင်တဲ ၉ လုံး၊ ကျွဲ တစ်ရှင်း၊ ဆန် တင်း ၆၀ နဲ့ ဝက် တစ်ကောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ရှောင်တွေ ဖမ်းမိတယ်လို့တော့ မကြားမိသေးပါဘူး။ ရွာသားတွေက တောထဲမှာပဲ တဲထိုးနေကြတော့ တာပါ။ စစ်ကြောင်းကတော့ ထွက်သွားပါပြီ။ ဒီနေ့တော့ နဂါးပေါ်ရွာရဲ့ အရှေ့ဘက်နား ရောက်နေတယ်လို့ သိရပါတယ်” လို့ ကန့်ဘလူမြို့နယ် ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဆိုပါ တနယ်ကြီးကွင်း စစ်ရှောင်တဲ အစုမှာ ဇင်းကျေးရွာက ပြည်သူတွေ အများဆုံး လာရောက် တိမ်းရှောင်နေတာဖြစ်ပြီး လက်ရှိ စစ်ကြောင်းတွေကြောင့် စစ်ရှောင်တဲတွေကနေ ထပ်မံ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ကန့်ဘလူခရိုင်အတွင်း ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းတွေ နေ့စဉ် စစ်ကြောင်းထိုးပြီး နေအိမ် အပါအဝင် စားစရာနဲ့ သယ်လို့မရတဲ့ အသုံးအဆောင် ပစ္စည်းတွေကို မီးရှို့တာ၊ ရွာသားတွေကို သတ်ဖြတ်တာတွေ လုပ်နေတာကြောင့် ဒေသခံတချို့ ရွာမှာ မနေရဲဘဲ တောထဲမှာ တဲထိုးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ရွာထဲမှာ အများအားဖြင့် အပြင်ထွက်မရတဲ့ ရွာသူရွာသားတွေနဲ့ ပျူတွေလောက် ကျန်နေတာပါ။ သူတို့ကလည်း စစ်ကြောင်းနဲ့ မတွေ့တာပါ။ တွေ့ရင်မလုပ်ဘူးတော့ မဟုတ်ပါဘူး။ အများအားဖြင့် သတ်ခံရတာတွေ များပါတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ထဲမှာ ခမရ (၃၆၁) အင်အား ၇၀ ကျော် ဝင်ရောက်မီးရှို့ ဖျက်ဆီးတာကြောင့် နေအိမ် ၃ လုံးနဲ့ ကန်ကြီးတောထဲက စစ်ရှောင်တဲ ၁၅ လုံး မီးလောင်ဆုံးရှုံး ခဲ့သေးတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူခရိုင်ထဲက ကျေးရွာတွေကို ခမရ (၃၆၁)၊ ခမရ (၃၆၈)၊ ခလရ (၁၃၇)၊ ကန့်ဘလူ အမြောက်တပ်ရင်း (၆၀၀၆) က တပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်း စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် တနိုင်ငံလုံးမှာ လူဦးရေ ၁ ဒဿမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ ကန့်သတ်ချက်နဲ့ ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အခုနှစ် မေလ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

MK – 009

#MeKongNews

#ချပ်သင်းတိုက်နယ်

#စစ်ရှောင်တဲ

#ပျူစောထီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now