မြန်မာ့နွေဦး

ချင်းပြည် အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ကို CDF တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

မဲခေါင် 25 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၅ ချင်းပြည်နယ်ကို စိုးမိုးဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၁ ရက်၊ မနက် ၉ နာရီက ကန်ပက်လက်မြို့နယ်၊ လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ ကန်ပက်လက် CDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်သား ၄ ဦးသေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၅

ချင်းပြည်နယ်ကို စိုးမိုးဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၁ ရက်၊ မနက် ၉ နာရီက ကန်ပက်လက်မြို့နယ်၊ လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ ကန်ပက်လက် CDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်သား ၄ ဦးသေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၄ ရက်က ကန်ပက်လက်မြို့နယ်၊ မောချောင်းနဲ့ လှိုင်ဒုတ်ကျေးရွာသစ်အနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၇ ဦး ထပ်မံသေဆုံးပြီး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်က မင်းဘူးခရိုင် တပ်ရင်း (၆) မှ ရဲဘော် တစ်ဦးနဲ့ CDF-Kanpetlet မှ ရဲဘော် ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ အာဏာသိမ်းပြီး ကန်ပက်လက်မြို့ပေါ်နဲ့ ကျင်ဒွေးမြို့ ၂ နေရာမှာပဲ စစ်ခွေး တွေ စခန်းချနိုင်တယ်။ ကျန်တာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းထားတဲ့ အခြေအနေ ရောက်နေပါပြီ” လို့ CDF-Kanpetlet တာဝန်ခံက ပြောပါတယ်။

ဒီစစ်ကောင်စီ စစ်ကြောင်းဟာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စလင်းစေတုတ္တရာ လောင်းရှည် လမ်းကြောင်း ကနေ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

“ အာဏာမသိမ်းခင်က ကျင်ဒွေးမြို့မှာ စစ်ခွေးစခန်းက ရှိပြီးသားပါ။ အခုအဲဒီ သူတို့စခန်းဆီကို ရိက္ခာပို့ဖို့အတွက် ယာဥ်တန်းတွေနဲ့အတူ အင်အား ၃၀၀ ကျော်လောက်နဲ့ လာတာကိုကြည့်ရင် အဲဒီစခန်းက သူတို့အတွက် တော်တော်အရေးပါတယ်လို့ ပြောနိုင်တယ်” လို့ CDF-Kanpetlet တာဝန်ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ရဲလောင်းပန်းကျေးရွာနဲ့ ကန်းလောင်းကျေးရွာကြား လေယာဥ်ကွင်းအနီး တပ်စွဲထားတဲ့ စစ်ကြောင်းနဲ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားရာ CDF-Kanpetlet မှ ရဲဘော်တပ်ကွီး အသက်ပေးလှူခဲ့ရပါတယ်။

ကန်ပက်လက်မြို့နယ်ဟာ မကွေးတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ်မြို့ဖြစ်လို့ ချင်းပြည်နယ်ကို ကုန်းလမ်းနဲ့ ဝင်ရောက်ဖို့ မဖြစ်မနေ ဖြတ်သန်းရမယ့် မြို့နယ် ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ချင်းပြည်နယ် စိုးမိုးနိုင်ရေးအတွက် အင်အားသုံး ကြိုးပမ်းမှုကို Chin Defense Force-Kanpetlet နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တားဆီး တိုက်ထုတ်နေပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

CJ-005

#ကျင်ဒွေး

#နယ်စပ်မြို့

#ကန်ပက်လက်

#Chin_Defense_Force_Kanpetlet

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now