မြန်မာ့နွေဦး

ချင်းတွင်းမြစ်ကြောင်းမှာ ဖြစ်ပွားတဲ့ ၁၂ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ နီးပါးသေဆုံး

မဲခေါင် 3 Jan - 2023
စစ်ကိုင်းတိုင်း၊ ကနီနယ် ချင်းတွင်းမြစ်ကြောင်း တလျှောက် မြေပြင်ကရော ရေကြောင်းကပါ ဆန်တက်လာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၁၂ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား ၇၀ နီးပါး သေဆုံးတယ်လို့ Chindwin Tiger Force တပ်ဖွဲ့မှ မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက စပြီး ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာတဲ့ စစ်တပ်ဟာ မြစ်ဘေးက ကျေးရွာတွေကို စီးနင်းဝင်မွှေ သောင်းကျန်းခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်၊ ၂၁ ရက်၊ ၂၃ ရက်နဲ့ ၂၅ ရက်မှာ တိုက်ပွဲ တစ်ကြိမ်စီ ဖြစ်ပွားပြီး ၂၈ ရက်မှာ ၂ ကြိမ်၊ စုစုပေါင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာတဲ့ စစ်တပ် ရိက္ခာတင် ဖလပ်ခွံတွေကို လိုက်ပါ စောင့်ရှောက်တဲ့ စစ်တပ် အင်အား ၁၀၀ ကျော်နဲ့ ၁၂ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ် စစ်ကြောင်းဘက်မှ အထိနာခဲ့တယ် လို့ နဂါးညီနောင် အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲကာလ ၁၂ ရက်အတွင်းမှာ တိုက်ပွဲ ၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အင်အား ၇၀ အထက်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

၁၂ ရက်ကြာ တိုက်ပွဲမှာ စစ်တပ် စစ်ကြောင်း အထိနာခဲ့လို့ လေကြောင်း ပစ်ကူသုံးပြီး တိုက်ခိုက်ခဲ့တယ် လို့လည်း Chindwin Tiger Force တပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ နဂါးညီနောင် အထူးတပ်ဖွဲ့ ရဲဘော် ၃ ဦးနဲ့ မဟာမိတ်တပ် ရဲဘော် ၂ ဦး နိုင်ငံ့ အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ဒဏ်ရာရ ရဲဘော် ၁၀ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ စစ်တပ် စစ်ကြောင်းဟာ ကနီနယ်ကနေ အထက်ဘက် ဆက်လက် ဆန်တက်နေတယ်လို့ ကနီနယ်က ကျေးရွာတွေ အပါအဝင် မြစ်ကမ်းဘေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

ဒီတိုက်ပွဲတွေကို Chindwin Tiger-PDF ၊ နဂါးညီနောင် အထူးတပ်ဖွဲ့၊ KLG- တပ်မဟာ၊ Alpha Special Force၊ Truth Of Force၊ Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ Yoma Fighter PDF၊ ဗိုလ်မုတ်ဆိတ်-တပ်ခွဲ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်၊ B 21 PDF၊ ချင်းတွင်းတိုက်ဂါး-LPDF၊ ထန်းထပင်-LPDF စတဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now