မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင် 2 Jun - 2023
မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် ရပ်ကွက်က လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး အမှတ် (၃) ရပ်ကွက်၊ မဏိရတနာ စာသင်တိုက်က ဘုန်းကြီး တစ်ပါး ပျံလွန်တော်မူကာ အမှတ် (၆) ရပ်ကွက်က အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာက တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး တပ်ရင်း (၃၂) စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး နယ်မြေ စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ရန်သူရှိတဲ့ နေရာကို ပူးပေါင်းတပ်ဖွဲ့တွေက သွားပြီးတော့ ပစ်ခတ်တိုက်ခိုက်တဲ့ ပုံစံမျိုးပါပဲ။ ကြာအင်းဆိပ်ကြီးမှာ စစ်တပ်ရဲ့ တပ်ရင်းတွေရှိတယ်။ အဲ့ဒီနေရာတွေကို သွားပြီး ပစ်ခတ်တဲ့ ပုံစံပေါ့။ စစ်ကောင်စီဘက် ကတော့ ထုံးစံအတိုင်း လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်လို့ ပြည်သူတွေ ဒဏ်ရာရရှိတာ၊ ပျက်စီးတာမျိုးတွေရှိတယ်။ လက်ရှိ အခြေအနေနဲ့ ထိခိုက်ကျဆုံးတဲ့ အနေအထားတွေ ကိုတော့ သေသေချာချာ မသိရသေးပါဘူး” လို့ စစ်ရေး သတင်းအရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပြပါတယ်။

ဒီတိုက်ပွဲတွေမှာ ၂ ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့တွေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြို့တွင်း လူနေအိမ်၊ ဗလီ၊ နာရေးကူညီမှုကား စတာတွေ ထိခိုက်ပျက်စီးမှု များစွာ ရှိခဲ့ပြီး လက်ရှိ ပူးပေါင်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားပေမယ့် မြို့အပြင်ဘက်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။

MK-009

#MeKongNews

#ကြာအင်းဆပ်ကြီး

#လေကြောင်းတိုက်ခိုက်မှု

#တပ်ရင်း(၃၂)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်တွေ ဖြတ်တိုက်လို့ ရှေ့ဆက်မတိုးနိုင်ဘူးလို့ KNU ဆို

စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို KNLA၊ KNDO နဲ့ PDF တို့က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လူထုတိုက်ပွဲ စက္ကူလေယာဉ်သပိတ် အင်းလေးအမျိုးသမီးသမဂ္ဂ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့က ဧပြီ ၁၇ ရက် နေ့မှာ လူထုတိုက်ပွဲ၊ စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ကနေ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူ ၃၀၀ ကျော် ရိက္ခာအရေးပေါ် လိုအပ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ဟိုခဲရပ်ကွက်က ဒေသခံ ၃၀၀ လောက် စားရေရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းစစ်ဘေးရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now