မြန်မာ့နွေဦး

ကျေးရွာတွေကို မီးရှို့ဖျက်ဆီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ ဖားဆောင်မြို့နယ်မှာတိုက်ပွဲ ပြင်းထန်

မဲခေါင် 23 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၃ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) က မနေ့ညက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၃

ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) က မနေ့ညက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မှ စပြီး ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနဲ့ ရှမ်းဝမ်အောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ PPDF က ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများဖြစ်တဲ့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊ ကလလတ၊ KNDF အမှတ် (၂၀) တပ်ရင်းနဲ့ KRU တပ်ပေါင်းစုတို့က ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ ဇူလိုင်လ ၂၁ ရက် မနက် ၆ နာရီမှ ဇူလိုင်လ ၂၂ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးတာရှိပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲကတော့ ဆက်ဖြစ်နေဦးမှာပဲ ဖြစ်တယ်။ အထူးသတိပေးချင်တာကတော့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မတွေ့အောင် ဘေးကင်းရာမှာ သတိနဲ့ နေကြပါလို့ တိုက်တွန်းချင်တယ်။ ပြီးတော့ ကရင်နီက တော်လှန်ရေးတပ်ဖွဲ့တွေကို ဒီထက်ပိုပြီး ကူညီပေးကြဖို့ တိုက်တွန်းချင်တယ်” လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်က ထိခိုက်တာတွေ မရှိပေမယ့် ကျောက်ပန်းညို ကျေးရွာနဲ့ ရှမ်းဝမ်အောင်းကျေးရွာကိုတော့ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ပြီး မီးရှို့ခဲ့တယ်လို့ ဖာဆောင်းPDF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ရှမ်းဝမ်အောင်းကျေးရွာဟာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး ရွာလည်း မီးလောင်သွားတယ်လို့ ရှမ်းဝမ်အောင်း ဒေသခံတွေကလည်း ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမဖြစ်ပွားခင် စစ်ကြောင်းမထိုးခင်ကတည်းက လေကြောင်းကနေ အဲ့ဒီကျေးရွာတွေကို တိုက်ခိုက်မှု ပြုလုပ်တာကြောင့် ဒေသခံဂတစ်ချို့ဟာ ယခင်ကတည်းက ထွက်ပြေးတိမ်ရှောင်ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ ဖားဆောင်းမြို့နယ်မှ တဆင့် မယ်စဲ့မြို့နယ်ထဲ ထိုးဖော်ဝင်ရောက်နိုင်ဖို့အတွက် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း၂ ခု အင်အား ၂၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တပ်ရင်း ၂ ခု အခြေစိုက်ထားပါတယ်။

ဒါကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဖားဆောင်းမြို့နယ် ပြည်သူများအနေနဲ့ ဘေးကင်းရာမှာ သတိနဲ့ နေထိုင်ကြဖို့ ဖားဆောင်းဂPDFက တိုက်တွန်းထားပါတယ်။

CJ-002

#MekongNews

#ဖားဆောင်း

#PDF

#တိုက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now