ကျိုင်းတုံမြို့တွင်းနဲ့ မြို့ပြင်လမ်းမတွေမှာ အင်တာနက်ဝိုင်ဖိုင်၊ ဖုန်းဆက်သွယ်ရေးကြိုးတွေကို စနစ်တကျတပ်ဆင်ထားတာမရှိတာကြောင့် ကုန်တင်ကားကြီးတွေနဲ့ မလွတ်ကင်းဘဲ ငြိမိပြတ်ကျတာတွေ မကြာခဏကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လိုင်းကားကြောင့်ပဲဖြစ်တာတော့မဟုတ်ဘူး။ ကြိုးတွေတပ်ဆင်ပေးတဲ့ သက်ဆိုင်ရာကုမ္ပဏီကြောင့်လဲပါပါတယ်။ နှစ်ဘက်စလုံးကြောင့်ပါ။ တချို့ယာဉ်တွေက အခုလို တွဲလောင်းကျနေတဲ့ကြိုးတွေကို မတွေ့ဘဲ ရှေ့ဆက်မောင်းတော့ လမ်းသွားလမ်းလာ တွေအတွက် အန္တရာယ်ရှိတာပေါ့
လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကုန်တင်ယာဉ်ကြီးတွေ အနေနဲ့ ကုန်မတန်တဆ တင်ဆောင်မှုတွေနဲ့ ဆက်သွယ်ရေးကြီးတွေနဲ့ မလွတ်ကင်းဘဲ မကြာခဏ တိုက်မိ ပြတ်ကျတာကြောင့် လမ်းသွားလမ်းလာတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ် ရတဲ့အခြေအနေတွေရှိနေတာပါ။
အဲဒီလို ဖြစ်စဉ်တွေကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာတွေအနေနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ကြိုးစနစ်တကျ တပ်ဆင်ဖို့ ညွှန်ကြားသင့်သလို ကုန်တင်ယာဉ်ကြီးတွေ ကုန်မတန်တဆ တင်ဆောင်နေတာတွေကိုလည်း စိစစ် ကြပ်မတ်သင့်တယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။