ကျိုင်းတုံမြို့ပေါ်မှာ ဆိုင်ကယ်တွေ လှည့်လည်ခိုးယူနေသူ တစ်ဦးကို ပြည်သူတွေ ဝိုင်းဝန်း ဖမ်းဆီးကာ ရဲလက်အပ်ပြီးနောက် အဲဒီအမျိုးသားကို စစ်ဆေးချက်အရ ခိုးယူထားတဲ့ ဆိုင်ကယ် ၇ စီးကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်လာခိုးနေတုန်း ရပ်ကွက်က လူတွေ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တာ။ ရဲက ရှာဖွေ ဖမ်းဆီးထားတာ မဟုတ်ဘူး။ သူ့ကို စစ်လိုက်တော့မှ အရင်က သူခိုးထားတဲ့ ဆိုင်ကယ် ၇ စီးပြန်ရတယ်။ တခြား ဆိုင်ကယ်တွေတော့ ပြန်မရဘူး
လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဆိုင်ကယ် ပျောက်ဆုံးထားသူတွေ အနေနဲ့ ကျိုင်းတုံမြို့မရဲစခန်းမှာ လာရောက် ကြည့်ရှုနိုင်ပြီး သက်သေ အထောက်အထားနဲ့ ကိုက်ညီတဲ့ ပိုင်ရှင်အမှန် ဖြစ်ပါက ပြန်လည် ပေးအပ်မယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။
ဒါပေမယ့် ဆိုင်ကယ်ခိုးယူထားသူတွေက ဆိုင်ကယ်ရဲ့ အင်ဂျင်နံပါတ်၊ ဖရိန်နံပါတ်တွေကို ဖျက်ဆီးထား တာကြောင့် ဆိုင်ကယ် သက်သေခံ စာအုပ်ပါ နံပါတ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလို့ မရတော့တဲ့အတွက် ပြန်လည်ရရှိဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။