မဲခေါင်၊ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊တောင်ပလူရွာအနီးတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသား ၁၇ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၁၇ ရက်နေ့၊ တောင်ပလူရွာ၊ ဘုရားတောင်ရိုးအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ သုံးပွင့်ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား၁၇ဦး သေဆုံးခဲ့တဲ့ ခမရ(၃၆၃)တပ်ကို လက်နက်ကြီးပစ်ကူနဲ့ ခြေလျင်စစ်ကြောင်းတို့နဲ့ လာရောက်ကယ်ထုတ်ခဲ့ရပြီး ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ပြန်လည်ဆုတ်ခွာစဉ်မှာ ကသစ်ကုန်းရွာသားတွေကိုပါ တစ်ပါတည်း ဖမ်းဆီးသွားတာလို့ Kawlin Revolution-KR ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကန့်ဘလူမြို့နယ်၊ကျခပ်အိုက်ရွာသား ၃ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ KR ကဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ကသစ်ကုန်းရွာသား၁၇ဦးအနက် ၂ဦးကို ဖေဖေါ်ဝါရီ ၂၁ရက်မှာ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထွက်ပေါ်လာသော်လည်း အတည်မပြုနိုင်သေးဘူးလို့ KR က ထုတ်ပြန်ထားပါတယ်။
ဘုရားတောင်ရိုးအနီးတိုက်ပွဲကို ကောလင်းခရိုင် တပ်ရင်း(၁)မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ် နဲ့ကျောက်ပျဥ်သာတိုက်နယ် ပကဖ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သားအထိအခိုက် ၃၀ခန့် ရှိတယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ သုံးပွင့်ဗိုလ်ကြီးရဲ့အမည်မှာ ဧရာမင်းဖြစ်တယ်လို့ သိရပါတယ်။
MK-003