မြန်မာ့နွေဦး

ကိုရီးယား အလုပ်အကိုင်စာမေးပွဲသမိုင်းတစ်လျှောက် အောင်မြင်မှု စံချိန်တင်

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ် စာမေးပွဲ EPS ရဲ့ ကုန်ထုတ်လုပ်ငန်း ပထမအသုတ် အတွက် အောင်မြင်သူ ၆,၀၀၀ ကျော်အထိ ရှိတာကြောင့် စာမေးပွဲ သမိုင်းတစ်လျှောက် စံချိန်တင် အောင်မြင်မှု အများဆုံး ဖြစ်တယ်လို့ စာမေးပွဲ ကျင်းပရေး အဖွဲ့ထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ် စာမေးပွဲ EPS ရဲ့ ကုန်ထုတ်လုပ်ငန်း ပထမအသုတ် အတွက် အောင်မြင်သူ ၆,၀၀၀ ကျော်အထိ ရှိတာကြောင့် စာမေးပွဲ သမိုင်းတစ်လျှောက် စံချိန်တင် အောင်မြင်မှု အများဆုံး ဖြစ်တယ်လို့ စာမေးပွဲ ကျင်းပရေး အဖွဲ့ထံမှ သိရပါတယ်။

ဒီစာမေးပွဲကို ၂၀၂၂ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဝင်ရောက် ဖြေဆိုသူ လူငယ် ၁၀,၀၀၀ ကျော်ထဲက ၆,၄၀၀ နီးပါးအထိ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီ-POEA ရဲ့ အောင်စာရင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ဒီအကြိမ်က ဝင်ဖြေတဲ့သူ များသလောက် အောင်ချက်ကလည်း များတာ တွေ့ရတယ်။ နောက်ဖြေမယ့် သူ တွေအတွက် အားရှိတာပေါ့။ အခွင့်အရေး ပိုများလာတာ တွေ့ရတယ်။ အောင်မြင်တဲ့သူတွေ အတွက်ကတော့ အခွင့်လမ်းကောင်း ဖြစ်လာမယ် မျှော်လင့်ရတယ်” လို့ ကိုရီးယား ဘာသာစကား သင်တန်းဆရာတစ်ဉီးက ပြောပါတယ်။

အခု ရလဒ်ဟာ EPS စာမေးပွဲ သမိုင်း တစ်လျှောက် အောင်မြင်မှု အများဆုံးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်သား တိုးမြှင့် ခေါ်ယူမယ်ဆိုတဲ့ အစီအစဉ်ရဲ့ သက်ရောက်မှု ဖြစ်နိုင်တယ်လို့ ကိုရီးယားဘာသာ သင်တန်းကျောင်း ဆရာတွေက သုံးသပ်ပါတယ်။

“Exam Results ထွက်ပြီးတော့လည်း ကျွန်တော်တို့မှာ ထွက်ဖို့ပြင်ဆင်တဲ့ အပိုင်းတွေရှိတယ်။ ဒါပေမယ့် Passport ရုံးတွေ ပိတ်ထားပြီး အပြင်ပွဲစားနဲ့ လုပ်ကြတဲ့အခါ အခကြေးငွေ အလွန်ကုန်ကျတာ၊ အလိမ်ခံရတာ ဒီအခြေအနေတွေကြောင့် လုပ်သား နစ်နာရတာတွေရှိတယ်။ ပုဂ္ဂလိက အလုပ်သမား‌ စေလွှတ်ရေး အေဂျင်စီ တော်တော်များကတော့ Company Demand နဲ့ အမြန် လုပ်ပေးနေတာတွေလည်း ရှိပါတယ်။ တချို့ အလုပ်အကိုင် အေဂျင်စီတွေကျတော့ အလုပ် ဖောင်တင်သည့်အခါ Passport သက်တမ်း ၁ နှစ်ကျန် ရှိရမယ် ဆိုတဲ့ ကန့်သတ်ချက် အခက်အခဲတွေတော့ ရှိတယ်” လို့ စာမေးပွဲ အောင်မြင်သူတစ်ဉီးက ပြောပါတယ်။

အဆိုပါ စာမေးပွဲ အားလုံးကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်ထားသူ ၃၇,၀၀၀ ကျော်ရှိပြီး လက်ရှိမှာ ကုန်ထုတ် ဒုတိယ အသုတ်နဲ့ ဆောက်လုပ်ရေး စာမေးပွဲကို ဖေဖော်ဝါရီ ကနေ ဇွန်လအထိ အသုတ်လိုက် ဆက်ကျင်းပဖို့ ရှိနေပါတယ်။

တောင်ကိုရီးယား အစိုးရသည် အခုနှစ်အတွင်း မြန်မာ အပါအဝင် နိုင်ငံခြားသားလုပ်သား ၁၂၀,၀၀၀ ကျော် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပြီး လက်ရှိ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now