မဲခေါင်၊ မတ် ၂၂
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်မှာ စစ်မှုမထမ်းချင်လို့ လူငယ် တစ်ဦး ကြိုးဆွဲချသတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်အရ သိရပါတယ်။
ကလောမြို့၊ ရပ်ကွက် ၈ က အသက် ၂၄ နှစ်အရွယ် မောင်ထက်ဝေအောင် ခေါ် လေးလေး ဟာ မတ် ၁၈ ရက် ညနေပိုင်းမှာရပ်ကွက်ရုံးက စစ်မှုထမ်းမဲနှိုက်ဖို့ ခေါ်တာမှာ မိမိကိုယ်ကို ကြိုးဆွဲချသတ်သေသွားတာလို့ မဲခေါင်ကို အတည်ပြုပြောကြားပါတယ်။
“ဆရာတို့မေးလာလို့သာ၊ စစ်မှုထမ်းဖို့ကိစ္စကြောင့်သတ်သေတာလို့ မပြောရဘူးတဲ့၊ ပြောတဲ့လူဖမ်းမယ်တဲ့၊ ဆေးကြောင်ပြီးသတ်သေတာလို့ ပြောခိုင်းတယ်” လို့ အမည်မဖော်လိုသူ ကလောဒေသခံတစ်ဦးက ပြောပါတယ်။
သတ်သေသူ လူငယ်မှာ မိသားစုကို လုပ်ကျွေးနေသူဖြစ်ပြီး သူသတ်သေတာကို မိသားစုတွေ မသိလိုက်ချိန်မှာ လုပ်သွား
တာလို့ ပြောပါတယ်။
လက်ရှိကလောမြို့တွင် ရပ်ကွက်အားလုံးက စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူအားလုံးထံ အကြောင်းကြားစာတွေ ပေးပို့နေပြီး လူစားထိုးရန်ငွေပေးလို့လည်း ရနေတယ်လို့ သိရပါတယ်။
MK-012