မြန်မာ့နွေဦး

ကရင်နီပြည် စစ်မျက်နှာပို့မဲ့ သတင်းကြောင့် ဓနုဒေသက ပျူစောထီးတွေ လက်နက်အပ် ထွက်ပြေးမှု များပြားနေ

မဲခေါင် 3 Aug - 2023
မဲခေါင်၊ သြဂုတ် ၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပျူစောထီးတွေဟာ ကရင်နီပြည် ရှေ့တန်း စစ်မျက်နှာ ပို့မယ်ဆိုတဲ့ သတင်းကြောင့် ကြောက်ရွှံ့ပြီး လက်နက် ပြန်အပ်တာတွေ၊ ရှေ့တန်းမှာ ထွက်ပြေးတာတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပျူစောထီးတွေဟာ ကရင်နီပြည် ရှေ့တန်း စစ်မျက်နှာ ပို့မယ်ဆိုတဲ့ သတင်းကြောင့် ကြောက်ရွှံ့ပြီး လက်နက် ပြန်အပ်တာတွေ၊ ရှေ့တန်းမှာ ထွက်ပြေးတာတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယနဲ့ ရွာငံမြို့နယ် အတွင်းက အသက်ပြည့်ပြီး ယုံကြည်စိတ်ချရတဲ့ ရွာသားတွေကို ပျူစောထီး သင်တန်းတက်ဖို့ လူစုဆောင်းလေ့ ရှိတယ်လို့ ဆိုပါတယ်။

“ကယား(ကရင်နီ) ဘက် ထွက်ရမယ်ဆိုလည်း မထွက်ရဲ၊ လိုက်ထွက်တဲ့သူလည်း ရှေ့တန်းကနေ ပြေးကြတယ်။ ၄ လပိုင်းတုန်းက နောင်ချို တိုက်ပွဲမှာလည်း ပင်းတယ၊ ရွာငံက ပျူတွေပါလာတယ်။ ပြီးရင် ရှေ့တန်းကနေ ပြေးကြတာပဲ။ အခု DPLF (ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး) ကြေညာတော့ လက်နက်ပြန်အပ်တဲ့ ပျူတွေ ပိုများလာတယ်” လို့ ပင်းတယ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပျူသင်တန်းတက်ပါက သင်တန်းကာလ အတွင်း တစ်လ လစာ ၅ သိန်းပေးပြီး သင်တန်းဆင်းပြီးနောက် တာဝန် ထမ်းဆောင်ချိန်မှာ တစ်လ ၇ သိန်းပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေး ခေါ်ခဲ့ပေမယ့် လက်တွေ့မှာ တစ်လ တစ်သိန်းပဲ ပေးတယ်လို့ သိရပါတယ်။

ပျူစောထီးသင်တန်းဟာ ရက်တိုတောင်းပြီး တစ်လပင် မကြာတာကြောင့် ရှေ့တန်းမထွက်ရဲကြဘဲ အကြောင်းအမျိုးမျိုးပြပြီး လက်နက်ပြန်အပ်သူ၊ ရှေ့တန်းမှ ထွက်ပြေးသူတွေလည်း ရှိနေပြီး ပြန်ဖမ်းမိတာ နည်းပါးတယ်လို့ သိရပါတယ်။

ပြန်ဖမ်းမိသူတွေကို အင်အားလျော့သွားမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီက အရေးမယူဘဲ နောက်ထပ် ထွက်မပြေးဖို့သာ ခြိမ်းခြောက် အကြပ်ကိုင်ပြီး တာဝန်ပြန်ထမ်းခိုင်းတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ ဓနုဒေသမှာ စစ်တပ်က လုံခြုံရေး တင်းကြပ်ထားသလို ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး တည်ထောင်ကြောင်း ကြေညာအပြီး ကြောက်လန့်ပြီး လက်နက်ပြန်အပ်တဲ့ ပျူစောထီးတွေ ၃ ရက်အတွင်း အယောက် ၂၀ မက ရှိနေတယ်လို့ သိရပါတယ်။

“နဂိုတည်းကလည်း ကြောက်နေပြီးသား။ သင်တန်းလည်း ကြောက်ကြောက်နဲ့ တက်ကြရတာ။ တချို့လည်း စကစ ပေးတဲ့ လက်နက်ကိုင်ပြီးမှ သဘောတွေ့နေကြတာလည်း ရှိပေမယ့်ပေါ့။ အခု ဓနုအာမီ ပေါ်လာတော့ ပိုကြောက်နေကြတာ။ အရင်က ဓနုလူမျိုးစု လက်နက်ကိုင် မရှိခဲ့လို့လို့ ထင်တာပဲ။ ပျူစောထီးတွေ မပြောနဲ့ သူတို့ မိသားစုတွေတောင် လူတောမတိုးရဲကြတော့ဘူး။၊ ပွဲလမ်းသဘင်တွေတောင် သိပ်မထွက်ရဲကြတော့ဘူး” လို့ ဓနုဒေသအတွင်း တော်လှန်ရေး လုပ်နေသူ တစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ် အတွင်းက ပင်းတယမြို့မှာ မိုးကုတ်ဝိပဿနာ တရားစခန်းထဲမှာ ပျူစောထီးသင်တန်း ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သတင်းပေါက်ကြားခဲ့တာကြောင့် ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။

ဒါ့အပြင် ရွာငံမြို့နယ်အတွက် သင်တန်းကိုတော့ ပျူစောထီးရွာအဖြစ် နာမည်ကြီးတဲ့ မြင်းကျဒိုးရွာ အနီးမှာ ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဓနုဒေသတွင်းက နာမည်ကြီး ပျူစောထီး ခေါင်းဆောင်များ။

CJ-001

#MeKongNews

#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

#DPLF

#ပျူစောထီး

#လက်နက်ချ

#ထွက်ပြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now