မြန်မာ့နွေဦး

ကရင်နီပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေကို NUG ရဲ့ လူသားစာနာဝန်ကြီးဌာန အကူအညီပေး

မဲခေါင် 10 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၀ ကရင်နီပြည်နယ်မှာ စစ်ကောင်စီ အင်အား အလွန်အကျွံသုံး တိုက်ခိုက်မှုကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကရင်နီဒေသခံ ပြည်သူများ အတွက် ကျပ်သိန်း ၄၀၀ နီးပါး တန်ဖိုးရှိ အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက မနေ့ညက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၀

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ အင်အား အလွန်အကျွံသုံး တိုက်ခိုက်မှုကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကရင်နီဒေသခံ ပြည်သူများ အတွက် ကျပ်သိန်း ၄၀၀ နီးပါး တန်ဖိုးရှိ အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက မနေ့ညက ထုတ်ပြန်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက လတ်တလော ကရင်နီပြည်နယ်မှ ပြည်သူတွေကို ဆန်ရိက္ခာ၊ အမိုးအကာနဲ့ လူသုံးကုန်ပစ္စည်း စုစုပေါင်းငွေကျပ် ၃၈,၇၀၃,၅၆၁ ဖိုး ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။

အခုပမာဏဟာ လတ်တလော ကူညီခဲ့တာဖြစ်ပြီး လူသားစာနာဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်မှ ယခုအထိ ကရင်နီပြည်နယ် အတွက် ကျပ်သိန်းပေါင်း ၄ ထောင်ကျော် ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“လူသားစာနာဝန်ကြီးဌာန စတင်ဖွဲ့စည်းသည့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ရက်နေ့မှ ယနေ့အထိ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို လတ်တလော အရေးပေါ် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာ လိုအပ်ချက်များ ပံ့ပိုးခြင်း၊ ထိတွေ့တိုက်ပွဲများ၌ ထိခိုက်ဒဏ်ရာရရှိသူများ၊ ကျဆုံးသူ (ပြည်သူ/ ရဲဘော်) များ၏ ကျန်ရစ်သူ မိသားစုများ အတွက် လူသားချင်း စာနာမှု အကူအညီ ပေးခြင်းများကို စုစုပေါင်းငွေကျပ် ၄၃၈ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ရဲ့ လူသားစာနာမှုဝန်ကြီးဌာန အနေနဲ့ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုကြောင့် အတိဒုက္ခ ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ကရင်နီပြည်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက်ရာမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ Coordination Team for Emergency Relief-Karenni (CTER)၊ Freelance Volunteer Myanmar-FVM၊ ကရင်နီပြည်နယ် အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လက်တွဲ ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CJ-002

#MeKongNews

#ကရင်နီပြည်နယ်

#စစ်ဘေးရှောင်

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now