မြန်မာ့နွေဦး

ကရင်နီတော်လှန်ရေး အင်အားစုတွေ စုစည်းပြီး နိုင်ငံရေး၊ စစ်ရေးအရ စစ်တပ်သွေးခွဲမှုကို တွန်းလှန်သင့်ပြီလို့ KNPP ဆို

မဲခေါင် 9 Aug - 2023
မဲခေါင်၊ ဩဂုတ် ၉ ကရင်နီပြည်နယ်က တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်ကောင်စီကို ရင်ဆိုင် တိုက်ခိုက်နေစဥ် ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး အရ သွေးခွဲသပ်လျှိုမှုတွေကို စုစုစည်းစည်းနဲ့ တွန်းလှန် တိုက်ခိုက်ရမဲ့ အချိန်ဖြစ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP က ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီ အမျိုးသား ခုခံရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၉

ကရင်နီပြည်နယ်က တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်ကောင်စီကို ရင်ဆိုင် တိုက်ခိုက်နေစဥ် ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး အရ သွေးခွဲသပ်လျှိုမှုတွေကို စုစုစည်းစည်းနဲ့ တွန်းလှန် တိုက်ခိုက်ရမဲ့ အချိန်ဖြစ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP က ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီ အမျိုးသား ခုခံရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်ကစပြီး ဖဆပလ အစိုးရနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာဖြစ်ကာ ခေတ်အဆက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

၇၅ နှစ်တိုင် တော်လှန်ရေး ကာလ တစ်လျှောက်မှာ ကရင်နီတော်လှန်ရေး အင်အားစုတွေဟာ တော်လှန်ရေး ခရီးကြမ်းမှာ အနိမ့်အမြင့်များစွာ ကြုံခဲ့ရတယ်လို့ KNPP က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ကရင်နီ ပြည်သူတွေဟာ စစ်ကောင်စီကို ရရာလက်နက် စွဲကိုင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကရင်နီပြည်နယ် အတွင်းက လူဦးရေ လေးပုံသုံးပုံ (လူဦးရေ ၂ သိန်းကျော်) ဟာ စစ်ဘေး တိမ်းရှောင် နေရပါတယ်။

လက်ရှိ တော်လှန်ရေး အားကောင်းတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်တပ်က သတ်ဖြတ်လို့ ပြည်သူ ၄၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

ဒီလို ဆင်းရဲဒုက္ခတွေကို ချုပ်ငြိမ်းနိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ လိုအပ်ပြီး ကရင်နီ ပြည်သူလူထုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားရေး တန်းတူညီရေး စတဲ့ အချက်တွေကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စုစုစည်းစည်း အကောင်အထည် ဖော်သင့်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-007

#MekongNews

#ကရင်နီတော်လှန်ရေး

#KNPP

#ဖဆပလ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်ဖို့ ပြင်ဆင်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မေလနောက်ဆုံးပတ်အတွင်း နေရပ်ပြန် စစ်ဘေးရှောင်တွေ ၄ ပုံတစ်ပုံခန့် ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရား
မြန်မာ့နွေဦး

နမ့်ခမ်းက တပ်တွေကို TNLA က အဓမ္မရွှေ့ပြောင်းခဲ့တာကြောင့် စာထုတ်ပြန်ရတာလို့ SSPP ရှင်းလင်း

TNLA နဲ့ ပတ်သက်လို့ SSPP ဘက်က ထုတ်ပြန်တဲ့စာဟာ နမ့်ခမ်းမြို့က SSPP တပ်တွေကို အဓမ္မပြောင်းရွှေ့ခဲ့တာကြောင့်ဖြစ်တယ်လို့ SSPP ပြောခွင့်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှမ်းမြောက်မှာ စက်သုံးဆီကို ပုံးခွက်/ပေပါတွေနဲ့ လုံးဝမရောင်းဖို့ စစ်ကောင်စီတားမြစ်

ရှမ်းပြည်မြောက်ပိုင်းက စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီရောင်းချတာမှာ ပုံးခွက်/ပေပါတွေနဲ့မရောင်းဖို့နဲ့ အခြားဆိုင်လုပ်ငန်းတွေကို တိုက်ရိုက်ရောင်းချတာတွေမလုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနက မနေ့ မေလ ၃၁ ရက်မှာထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆုံးရှုံးသွားတဲ့ လက်နက်တန်ဖိုးအတွက် ပြည်သူဆီပိုက်ဆံကောက်ခံတယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ PNLA ပြော

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တကြောရှိ ကျေးရွာတွေမှာ မေလ နောက်ဆုံးပတ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က စစ်အသုံးစရိတ်အတွက် ကောက်ခံနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ညောင်ရွှေနဲ့ ပင်လောင်း‌ရောက် စစ်ဘေး‌ရှောင်တွေ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ကိုယ်ထူကိုယ်ထ ရပ်တည်ဖို့ အခက်အခဲရှိနေသေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ‌ဒေသတွင်း လူမှုကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးမှာ အိမ်ခြံမြေစျေးကွက် မတန်တဆ စျေးတက်လာပေမယ့် စစ်ကောင်စီ ဝန်ထမ်းတွေသာ အဝယ်များနေ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ဒေါ်လာနဲ့ရွှေစျေး မတည်ငြိမ်နေတဲ့အတွက်ကြောင့် ယခင်ထက် အိမ်ခြံမြေစျေးတွေ ပိုမြင့်လာပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ် စျေးနှုန်းနဲ့ အရောင်းအဝယ် ဖြစ်နေကြပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း အရာရှိပိုင်းတွေနဲ့ ငွေကြေးချမ်းသာသူ စစ်ဘေးရှောင်တွေသာ အဝယ်များနေတယ်လို့ အိမ်ခြံမြေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ကုန်စည်ရိက္ခာ သယ်ယူခွင့် ကန့်သတ်တင်းကြပ်

စစ်ကောင်စီဟာ ၂၀၁၇ စစ်ဆင်ရေးကာလက TNLA သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေဆီ ကုန်စည်သယ်ဆောင်တာတွေ ကန့်သတ်တင်းကြပ်လာတယ်လို့ RCSS အာဘော် Taifreedom သတင်းစဉ်က ရှမ်းဘာသာနဲ့ယနေ့ မေလ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ တစ်အိမ်တစ်လ အလှည့်ကျ အုပ်ကြီးနဲ့ ဆယ်အိမ်မှူးတွေ လုပ်ရမယ်လို့ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမှာ ပြည်သူ့စစ်မှုထမ်းကိစ္စကို မလုပ်ချင်ကြတော့လို့ အုပ်ကြီးနဲ့ ဆယ်အိမ်မှူးတွေ နှုတ်ထွက်မှာဖြစ်ပြီး လုပ်ချင်သူမရှိပါက တစ်အိမ်တစ်လ အလှည့်ကျလုပ်ရမယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now