မြန်မာ့နွေဦး

ကရင်နီစစ်ရှောင်တွေကို ကူညီမယ့် အဖွဲ့အစည်းများကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ပြည်သူတွေ အခက်ကြုံ

မဲခေါင် 20 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၀ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ INGO၊ NGO အဖွဲ့တွေကို လက်ရှိအချိန်ထိ စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲတွေဖြစ်နေရတယ်လို့ JOB FOR KAYAH တာဝန်ရှိသူက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၀

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ INGO၊ NGO အဖွဲ့တွေကို လက်ရှိအချိန်ထိ စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲတွေဖြစ်နေရတယ်လို့ JOB FOR KAYAH တာဝန်ရှိသူက မဲခေါင်သတင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ နှောင်ပိုင်းကစပြီး စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ INGO၊ NGO အဖွဲ့တွေ အပေါ် ကန့်သတ်မှုတွေ စတင်ပြုလုပ်ထားတာပါ။

ကရင်နီပြည်နယ်အတွင်း အဓိက လမ်းမတွေမှာ စစ်ကောင်စီ ဂိတ်တွေချပြီး စစ်ရှောင်စခန်းတွေ ရှိရာဘက်ကို စားနပ်ရိက္ခာတွေ သယ်ဆောင်ခွင့်မပြုတာ၊ သိမ်းဆည်းတာတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီက စစ်ရှောင်တွေကို ကူညီနေတဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းတွေကို ကန့်သတ်မှုတွေ၊ ဖိအားပေးမှုတွေ ရှိလာတာကြောင့်လည်း စစ်ရှောင်စခန်းတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမရရှိတာ ၄ လကျော်ခန့်ရှိနေပြီဖြစ်တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်တွေကို ကူညီစောင့်ရှောက်နေသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းတွေမှာတော့ ကရင်နီပြည်နယ်လို နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကို လုံး၀ ကန့်သတ်လိုက်တာတော့ မဟုတ်ဘဲ စစ်ကောင်စီက ပစ္စည်းတွေကို အပိုင်စီးထားပြီး ရံဖန်ရံခါ အနည်းစုသာ စစ်ရှောင်တွေကိုလာပေးတယ်လို့ ဆီဆိုင်မြို့နယ် စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေက စစ်ရှောင်ပြည်သူတွေအတွက် ပေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပအိုဝ်းပြည်သူ့စစ်-PNOအဖွဲ့က လိုသလောက်ယူထားပြီး ပိုတဲ့ ပစ္စည်းတွေကိုသာ ခွဲတမ်းနဲ့ ပြန်ချပေးနေတာကြောင့်လည်း မလုံလောက်မှုတွေဖြစ်နေတယ်လို့ သူကပြောပါတယ်။

“အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တကယ်ကိုယ်တိုင်ဆင်းလာကြတာလည်းမဟုတ်တော့ စစ်ကောင်စီနဲ့ PNO ပြုသမျှနုရတာပဲ။ အခု ၂ နှစ်ကျော်အတွင်းမှာတော့ ၂ ခါပဲရသေးတယ်။ သူတို့( INGO၊ NGOs) လာရင်လည်း ဓာတ်ပုံရိုက်ပြန်သွားတာဆိုတော့ အခြေအနေကို မသိကြဘူး” လို့ သူကရှင်းပြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNO လှုပ်ရှားရာဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ကရင်နီစစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်ခိုလှုံနေရတာဖြစ်ပါတယ်။

ကရင်နီစစ်ရှောင်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကိုသာ စစ်ကောင်စီက ကန့်သတ်လိုက်တာမဟုတ်ဘဲ ကရင်နီပြည်နယ်အတွင်း ရိက္ခာသယ်ယူပို့ဆောင်မှုကိုလည်း ကန့်သတ်ပိတ်ပင်တာတွေလည်း ပြုလုပ်နေတာပါ။

စစ်‌ကောင်စီဘက်က ကရင်နီစစ်‌ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ ရိက္ခာဖြတ်တောက်မှုတွေ၊ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာတစ်ခုတည်းကိုသာ ပိတ်ပင်တာမဟုတ်ဘဲ အမိုးအကာနဲ့ ဆေးဝါးတွေကိုပါ ဖြတ်တောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒီလို ရည်ရွယ်ချက်ရှိရှိ စားနပ်ရိက္ခာ ၊ အမိုးအကာနဲ့ ဆေးဝါးတွေကို စစ်ကောင်စီက ဖြတ်တောက်ဖို့ ကြိုးစားနေတာဟာ စစ်ရှောင်ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရပ်တည်လို့ မရအောင် ပြုလုပ်နေတာဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးတပ်သားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရိက္ခာဖြတ်တောက်ဖို့ ကြိုးစားမှု၊ စီးပွားရေးကျဆင်းမှုနဲ့ စစ်တပ်ဂိတ်တွေကို ဆက်ကြေးပေးဆောင်ရမှုတွေကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ဆား စတာတွေဟာ ဈေးနှုန်းအဆမတန်မြင့်တက်နေပြီး ဆန်တစ်အိတ်ကို ငွေကျပ် ၈,၀၀၀ နီးပါးထိပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီ ဖိအားပေးကန့်သတ်ထားမှု၊ အခြေခံစားသောက်ကုန်တွေ ဈေးမြင့်တက်လာမှု၊ ဆေးဝါးနဲ့ အမိုးအကာ အလုံအလောက်မရရှိမှု ရိက္ခာသယ်ရာလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုနဲ့ ရန်ပုံငွေအားနည်းလာမှုတွေကြောင့် ကရင်နီစစ်ရှောင်တွေ ၁,၃၀၀၀၀ ကျော် ခိုလှုံရာ နေရာဖြစ်တဲ့ ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းတွေအပါအဝင် ထိုင်း-ကရင်နီနယ်စပ်စစ်ရှောင်စခန်းတွေ၊ ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းတွေမှာလည်း အခြေခံစားနပ်ရိက္ခာဖြစ်တဲ့ ဆန် ပြတ်တောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

MK-007

#MeKongNews

#ကရင်နီ

#စစ်ဘေးရှောင်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now