မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင် 8 Jun - 2023
မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ် ဝန်းကျင်က စစ်ကား Dc ၃ စီး၊ စစ်သား ၁၀ ယောက်ဝန်းကျင် အပါအဝင် အရပ်ဝတ်များနဲ့ လမ်းပိတ်ပြီး ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇွန် ၈

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ် ဝန်းကျင်က စစ်ကား Dc ၃ စီး၊ စစ်သား ၁၀ ယောက်ဝန်းကျင် အပါအဝင် အရပ်ဝတ်များနဲ့ လမ်းပိတ်ပြီး ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စာရွက်များ ကိုင်ဆောင်ပြီး အဆိုပါ လမ်းအတွင်းရှိ အဆောင် အချို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ည ၁၀ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ လှည်းတန်းလမ်းမဘက်သို့ ပြန်လည် ထွက်ခွာသွားရာ ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့နေ့ကလည်း ည ၁၀ နာရီခွဲ အချိန်လောက်က (၃) ရပ်ကွက်၊ ပတ္တမြားလမ်း အလယ်ရှိတဲ့ အဆောင်တိုက်ကို ၇ ကောင် ဝင်ရှာသေးတယ်။ စစ်သားနဲ့ အရပ်ဝတ်တွေနဲ့ Dc တစ်စီး၊ ပြီးတော့ အိမ်စီးကား တစ်စီးပါတယ်။ သတင်းရလို့နေမယ်၊ သူတို့မှာ စာရွက်နဲ့ နာမည်တွေ ပါတယ်။ မနက်ပိုင်းလည်း လှည်းတန်းထိပ်မှာ လူငယ်တွေကို အဓိကထားပြီး စစ်နေတာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီ အားပေး မဘသ လီလီနိုင်ကျော် ကို ပစ်သတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးထားတဲ့ ကိုကောင်းဇာနည်းဟိန်း (ခ) လပြည့်နဲ့ ကိုကျော်သူရ (ခ) အီးတီ တို့ဟာ ကမာရွတ်မြို့နယ်ရှိ အမျိုးသား အဆောင်တစ်ခုမှာ လနဲ့ချီ နေထိုင်နေသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီးနောက် ညစဉ် ရပ်ကွက် အဆောင်တွေကို လိုက်လံ စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် NUG က ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ် ဖွဲ့စည်း လေ့ကျင့်နေကြောင်း ကြေညာပြီးနောက် ရန်ကုန်မြို့မှာ စစ်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

အခုရက်ပိုင်း ရန်ကုန်မြို့ထဲမှာ ဆန္ဒပြမှု၊ ပေါက်ကွဲမှု ပြန်လည်များလာပြီး မဘသနဲ့ စစ်ကောင်စီ ထောက်ခံသူ ခေါင်းဆောင် တစ်ချို့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် စစ်ဆေး ဖမ်းဆီးမှုတွေ ပိုလုပ်နေတာ ဖြစ်တယ်လို့ မြို့နေ ပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်များမှာ PDF များကို လက်မခံရန်၊ အိမ်မငှားရန်၊ မသင်္ကာစရာတွေ့ပါက အကြောင်းကြားရန် စတာတွေကို ရွှေပြည်သာ၊ မှော်ဘီ၊ မင်္ဂလာဒုံနဲ့ ဗဟန်းမြို့နယ်တွေမှာ ဟိုက်ဂျက်ကားများနဲ့ လိုက်အော်နေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

“ ရပ်ကွက်ထဲမှာ အဲ့လို မအော်တာ အတော်ကြာပြီ။ ဒီနှစ်မှ ပြန်ပြီးအော်နေတာတော့ ထူးတယ် ပြောလို့ရတယ်။ NUG ရန်ကုန်တိုင်း စစ်ဒေသခွဲ ဌာနချုပ် ဖွဲ့စည်းလိုက်တယ် ကြေငြာလိုက်ထဲက ဒီကောင်တွေ အလုပ်ရှုပ်နေတာ။ ပေါက်ကွဲမှုတွေလည်း ဒီရက်ပိုင်း ဆက်တိုင်ဖြစ်နေ‌တော့ ဒီကောင်တွေ ကြောက်နေတာ။ တော်လှန်ရေး လုပ်‌နေတဲ့ ကလေးတွေကိုတော့ ဂရုစိုက်ပြီး လုပ်ကြပါလို့ ပြောချင်ပါတယ်” လို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလို ရပ်ကွက်အလိုက် သတိပေးတာတွေ ရပ်နားထားတာ ကြာမြင့်နေပြီဖြစ်ပြီ ယခု ရက်ပိုင်းမှ ပြန်လည် လုပ်ဆောင်လာတာ ဖြစ်သလို ရပ်ကွက်အုပ်ချုပ်ရေး အစီအစဉ်နဲ့ ညဦးပိုင်းများမှာ လိုက်အော်နေတာ ဖြစ်တယ် လို့ သိရပါတယ်။

MK-005

#MekongNews

#ကမာရွတ်မြို့နယ်

#အဆောင်

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now