မြန်မာ့နွေဦး

ကန့်ဘလူနယ် အင်းမရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေ

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီ ၅၅ မိနစ်မှာ ကျွန်းလှမြို့နယ် လယ်လှနဲ့ ကံပေါက်ရွာဘက်မှ အင်အားထပ်ဖြည့်ပြီး ထွက်လာတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၆၈) နဲ့ ပျူစောထီး စုပေါင်း အင်အား ၁၅၀ ခန့်ဟာ ကန့်ဘလူမြို့နယ် အင်းမရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး မနက် ၁၁ နာရီ ၁၅ မိနစ်မှာ အင်းမရွာကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့‌တယ်လို့ ဆိုပါတယ်။

အင်းမရွာဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ဒုတိယအကြိမ် ခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က အိမ်ခြေ ၂၄၀ ရှိတဲ့ အင်းမရွာကို စစ်ကောင်စီတပ်မှ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၅ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကြောင်းဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ အခုအချိန်ထိ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာပေါင်း ၉ ရွာမှ နေအိမ်တွေနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၁ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ေ့ာင်းက ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ အမျိုးသမီး ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဂါးဂလော်ရွာမှ ဖမ်းဆီးခံ အမျိုးသမီး ၂ ဦးမှာ ဒီကနေ့ထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ စစ်‌ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အင်းမ၊ ပင့်သာ၊ ဖလားရ၊ ချောင်းကြားနဲ့ ရှမ်းကုန်းရွာ စတဲ့ ရွာ ၅ ရွာမှ ပြည်သူ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now