မြန်မာ့နွေဦး

ကန့်ဘလူနယ်က စစ်ဘေးရှောင်တွေအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒေသခံတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားသောက် နေထိုင်ဖို့ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒေသခံတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားသောက် နေထိုင်ဖို့ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ် ဝန်းကျင်မှာ စစ်တပ်နဲ့ ပျူစောထီး တွေက ကန့်ဘလူမြို့နယ်တွင်း လှည့်လည် စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး ကျေးရွာ အများစု မီးလောင်ပြာကျကာ ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရလို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

“ကျန်းမာရေးဆို စိုးရိမ်စိတ်တွေများပြီး ကြောက်ကြတော့ သွေးတိုး၊ ဆီးချို ဖြစ်တာနဲ့ အအေးမိ ဖျားနာတာတွေ ပိုများတယ်လို့ သိရတယ်ဗျ။ ကျန်းမာရေး စောင့်ရှောက်မှုက အပြည့်အဝတော့ မရဘူးဗျ။ မြေပြင်လည်း ဆေးဝါး မပြည့်စုံတာ မလောက်ငှတာတွေ ရှိပါတယ်။ အနွေးထည်၊ စောင်၊ မိုးကာ၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေ အဓိက လိုအပ်နေပါတယ်ဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။

လက်ရှိမှာ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာမှ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တောထဲမှာ တဲထိုး နေကြတယ်လို့ သိရပါတယ်။

အခုလ အစောပိုင်းကစပြီး ခြေမြန်တပ်ရင်း (၃၆၈) နဲ့ ပျူစောထီးတွေက ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ တွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးပြီး ဖမ်းမိသူတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေကြောင့် စစ်ကောင်စီတပ်နဲ့ မတွေ့အောင် ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာလည်း ညောင်ကုန်းရွာ အရှေ့ဘက်ကနေ စစ်ကြောင်းထိုးတာကြောင့် ညောင်ကုန်း၊ ပလူသာ၊ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာဦး၊ သရက်တော၊ မကျီးကုန်း၊ ပင့်သာ-တည်ပင်၊ ချောင်းကြား၊ ဖလားရ၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနဲ့ မြဘုံကျေးရွာက ဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေရတယ်လို့ ဆိုပါတယ်။

“အတိအကျတော့ မသိနိုင်သေးဘူးဗျ။ ၁၄ ရွာလောက်ရှိတယ်။ တချို့ ပြန်ဝင်တဲ့ရွာလည်း ဝင်ကြတယ်။ စစ်ကြောင်းနဲ့ နီးတဲ့ရွာတွေတော့ ထပ်ထွက်ပြေးရတာပေါ့ဗျာ။ ရွာအိမ်ခြေတွေ အကုန် မသိရတော့ မှန်းဖို့ ခက်တယ်ဗျ။ ထပ်ရှောင် နေရတာတွေလည်း ရှိတော့ အတိအကျတော့ မသိနိုင်သေးဘူးဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ အတွင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၃ ဦးအနက် ၂ ဦးကတော့ လက်ရှိ အချိန်ထိ အရေးပေါ် ဆေးကုသနေရတယ်လို့ သူက ပြောပါတယ်။

အဲဒီလို ကျေးရွာတွေ မီးရှို့တာနဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကြောင်းတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့ ပြန်လည်တိုက်ခိုက်တာ စစ်တပ်နဲ့ ပျူစောထီး အခြေချ စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နှစ်ကုန်ထိ စစ်ကိုင်းတိုင်းထဲက နေအိမ် ၃၆,၆၆၇ လုံးမီးရှို့ခံထားရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတဝှမ်း လူဦးရေ ၁ ဒဿမ ၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့ အတွက် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

လွယ်ဂျယ်အနီးက အရေးပါတဲ့ ယောယုံစစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

တရုတ် - မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့
မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now