မြန်မာ့နွေဦး

ကနီမှာ အောင်ပွဲပြန် PDF ရဲဘော် ၁၀၀ ကျော်ကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆို

မဲခေါင် 13 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၃ တော်လှန်ရေး တပ်ဖွဲ့ ၆ ဖွဲ့က ရှေ့တန်းပြန် ရဲဘော် ၁၀၀ ကျော်ကို ကနီမြို့နယ် ကျေးရွာ ၂၀ နီးပါးက ပြည်သူ ထောင်နဲ့ချီ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်လို့ Myanmar Defense Force ဗဟိုပြန်ကြားရေး ကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၃

တော်လှန်ရေး တပ်ဖွဲ့ ၆ ဖွဲ့က ရှေ့တန်းပြန် ရဲဘော် ၁၀၀ ကျော်ကို ကနီမြို့နယ် ကျေးရွာ ၂၀ နီးပါးက ပြည်သူ ထောင်နဲ့ချီ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်လို့ Myanmar Defense Force ဗဟိုပြန်ကြားရေး ကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ကုန်းကြောင်း၊ ရေကြောင်း ထိုးလားတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့‌တွေရဲ့ တိုက်ပွဲတွေ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်မှ ၅၀ ကျော် သေဆုံးပြီး စစ်ကောင်စီတပ်သားတွေထံမှ လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အရှုံးနဲ့ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲနဲ့ ပြန်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကနီမြို့နယ် အတွင်းရှိ ကျေးရွာ ၂၀ နီးပါးမှ ပြည်သူထောင်ချီဟာ စုရပ် ၇ ခုမှာ စုဝေးကာ အောင်သပြေပန်းတွေ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး အစားအသောက်တွေ ဧည့်ခံ ကျွေးမွေးတာနဲ့ တော်လှန်ရေး ထောက်ပံ့ငွေ‌ လှူဒါန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခု အောင်ပွဲပြန် ကြိုဆိုပွဲသို့ MDF နဲ့ ဒေသတွင်း တော်လှန်ရေး ၆ ဖွဲ့မှ ပြည်သူ့ရဲဘော် ၁၀၀ ကျော် တက်ရောက်ကာ ပြည်သူ့မေတ္တာ ခံယူကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဗဟိုပြန်ကြားရေး ကော်မတီ Myanmar Defense Force။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now