နေ့စဥ်သတင်း

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင် 8 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်အပါအဝင် အလုပ်သမား နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များကို သိန္နီဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ “ဆေးရုံရောက်ပြီးမှ သေသွားတာလည်းရှိတယ်။ အနည်းဆုံး ၁၅ ယောက်သေတယ်။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်ကတော့ သေတဲ့အထဲ မပါဘူး။ ယမ်းသိုလှောင်ရုံ ပေါက်ကွဲသွားတာ။ ရွှေတူးတဲ့နေရာတို့ လမ်းဖောက်တဲ့ နေရာတို့မှာ သုံးတဲ့ ယမ်းပျော့တွေ ပေါက်ကွဲတာ လက်နက်မှာ သုံးတဲ့ယမ်းတွေတော့မဟုတ်ဘူး” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ယင်းသို့

မဲခေါင်၊ စက်တင်ဘာ ၈

ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်အပါအဝင် အလုပ်သမား နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များကို သိန္နီဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

“ဆေးရုံရောက်ပြီးမှ သေသွားတာလည်းရှိတယ်။ အနည်းဆုံး ၁၅ ယောက်သေတယ်။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်ကတော့ သေတဲ့အထဲ မပါဘူး။ ယမ်းသိုလှောင်ရုံ ပေါက်ကွဲသွားတာ။ ရွှေတူးတဲ့နေရာတို့ လမ်းဖောက်တဲ့ နေရာတို့မှာ သုံးတဲ့ ယမ်းပျော့တွေ ပေါက်ကွဲတာ လက်နက်မှာ သုံးတဲ့ယမ်းတွေတော့မဟုတ်ဘူး” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ယင်းသို့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် စက်ရုံအတွင်းရှိ အလုပ်သမားနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားသော်လည်း ကျေးရွာဒေသခံများမှာမူ ထိခိုက်သေဆုံးမှုမရှိကြောင်းလည်း သတင်းရင်းမြစ်ကပြောသည်။

“ပေါက်ကွဲမှုက နမ့်ခမ်းလောက်မဟုတ်ပေမယ့် တော်တော်ပြင်းထန်တယ်။ ရွာထဲကအိမ်တွေ တုန်ကုန်တယ်။ အဲ့ဒီစက်ရုံက ယမ်းတွေထုတ်တာ ယမ်းတွေသိုလှောင်တာ လူတိုင်းသိတယ်။ စက်ရုံက ရွာဧရိယာထဲဆိုပေမယ့် ရွာလယ်ခေါင်မဟုတ်ဘူး။ ရွာအစပ်မှာဆိုတော့ ရွာထဲက နေအိမ်တစ်ချို့နဲ့ ဘုန်းကြီးကျောင်းကတော့ မျက်နှာကျက်ပြိုကျတာ ပြတင်းပေါက်ကွဲတာတွေတော့ ဖြစ်တယ်”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

လက်ရှိအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့် ယင်းနေရာသို့ မည်သူကိုမျှ ပေးသွားခြင်းမရှိပဲ ကိုးကန့်တပ်ဖွဲ့က ပိတ်ထားလိုက်သဖြင့် ထိခိုက်သေဆုံးမှု နောက်ဆက်တွဲ အသေးစိတ်ကိုမူ မသိရသေးကြောင်း သတင်းရင်းမြစ်ကပြောသည်။

“အခု အဲ့နေရာကို ဘယ်သူကိုမှ မပေးသွားတော့ဘူးလေ။ ဘယ်နှစ်ယောက်ထပ်သေလဲ ထိခိုက်လဲ ထပ်မသိရတော့ဘူး။ ကိုးကန့်က ပိတ်ထားတယ်”ဟု ၎င်းဒေသခံသတင်းရင်းမြစ်ကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မန်မိုင်ရွာသည် သိန္နီမြို့မှ ၁၀ မိုင်ခန့်ကွာဝေးသည်။ ယခုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့-MNDAA ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

#MeKongNews
#ကိုးကန့်တပ်
#သိန္နီ
#MNDAA
#ယမ်းဂိုဒေါင်
#ပေါက်ကွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now