နေ့စဥ်သတင်း

ဝမ်ဟိုင်းမှ ရခိုင်သို့ သယ်ဆောင်မည့် တန်ဖိုး ၃၆ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီး

မဲခေါင် 20 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟိုင်းမြို့မှ ရခိုင်ပြည်သို့ သယ်ဆောင်နေသည့် တန်ဖိုးကျပ် ၃၆ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါး ၂၄ သန်းကျော်ကို ဖမ်းဆီးရမိသည့်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ ယင်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်မှ ရခိုင်ပြည်သို့ သယ်ဆောင်လာစဉ် မင်းလှမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဩဂုတ် ၁၂ ရက်တွင် မင်းလှမြို့နယ်အတွင်း ကား ၂ စီးဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးကို ကနဦးဖမ်းမိခဲ့ပြီး ထိုကားများပေါ်တွင် စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းအားဖမ်းဆီးရမိခဲ့သည်။ ထို့နောက် ကွင်းဆက်စစ်ဆေးမှုအရ ဩဂုတ် ၁၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၌

မဲခေါင်၊ ဩဂုတ် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟိုင်းမြို့မှ ရခိုင်ပြည်သို့ သယ်ဆောင်နေသည့် တန်ဖိုးကျပ် ၃၆ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါး ၂၄ သန်းကျော်ကို ဖမ်းဆီးရမိသည့်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ယင်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်မှ ရခိုင်ပြည်သို့ သယ်ဆောင်လာစဉ် မင်းလှမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဩဂုတ် ၁၂ ရက်တွင် မင်းလှမြို့နယ်အတွင်း ကား ၂ စီးဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးကို ကနဦးဖမ်းမိခဲ့ပြီး ထိုကားများပေါ်တွင် စိတ်ကြွဆေးပြား ၉၇ ဒသမ ၅ သိန်းအားဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ကွင်းဆက်စစ်ဆေးမှုအရ ဩဂုတ် ၁၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၌ ကား ၄ စီးပေါ်မှ စိတ်ကြွဆေးပြား ၁၄၄ သန်းကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုမူးယစ်ဆေးဝါးများကို ရှမ်းပြည် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင်နေထိုင်သူ စိုင်ဆမ်(ခ)လောပန်းဆိုသူက ရောင်းချပေးခြင်းဖြစ်ပြီး ရခိုင်ပြည်သို့ သယ်ဆောင်ရန် လုပ်ဆောင်စဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ပြောသည်။

ယင်းစိတ်ကြွဆေးပြားများသည် မင်းတုန်းမြို့မှတဆင့် ရခိုင်ပြည်ရှိ AA တပ်ဖွဲ့ စီးပွားရေးတာဝန်ခံများထံ ပို့ဆောင်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ပြောသည်။

ယခု မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအတွင်း အမှုနှင့်ပတ်သက်သူ ၉ ဦးကို ဖမ်းဆီးရမိထားပြီး ၈ ဦးအား ဖမ်းဆီးရန် ကျန်ရှိသည်ဟု စစ်ကောင်စီကဆိုသည်။

ဝမ်ဟိုင်းမြို့သည် SSPP/SSA ဌာနချုပ် တည်ရှိသည့်မြို့ဖြစ်သည်။ ယခုအမှုနှင့်ပတ်သက်ပြီး SSPPနှင့် AA ဖက်ကမူ တုန့်ပြန်ပြောဆိုခြင်းမရှိသေးပေ။ သို့သော် စစ်ကောင်စီက မူးယစ်ဆေးဝါးမှုများအား အသုံးချပြီး တော်လှန်ရေးတပ်ဖွဲ့များကို စွပ်စွဲပြောဆိုကာ နာမည်ဖျက်လေ့ရှိသည့်ဟု AAက တုန့်ပြန်ထားသည်။

#MeKongNews
#ရှမ်းတောင်
#ဝမ်ဟိုင်း
#ရခိုင်
#မူးယစ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now