နေ့စဥ်သတင်း

ကလော ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်မှုထမ်းကြေး လစဉ်ငွေကောက်စားသည့် ကိစ္စ စစ်ဆေးခဲ့သော်လည်း အရေးမယူ

မဲခေါင် 20 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြကာ လစဉ်စစ်မှုထမ်းကြေး ငွေကောက်စားနေသည်ကို ကလောမြို့နယ်ရုံးတွင် ခေါ်ယူစစ်ဆေးသော်လည်း အရေးယူခြင်း မရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး၊ စာရေး ဟန်မျိုးဝေ၊ ဇောတိကျေးရွာတာဝန်ခံ ဦးမြင့်စိုးတို့သည် စစ်မှုထမ်းကြေးနှင့်မြေယာရောင်းဝယ်ရေးများတွင် ငွေကြေးကောက်စားသဖြင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကလောမြို့နယ်ရုံး၌ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ “ပြီးခဲ့တဲ့လက ကလောထွေအုပ်ရုံးမှာ သူတို့ကို ခေါ်စစ်တယ်။ သတင်းတွေ တအားထွက်လို့ ဟန်ပြခေါ်စစ်တာလောက်နဲ့ပဲ ပြီးသွားတာ။ ဘာမှ အရေးယူခံရတာမရှိဘူး။ အခုလည်း ပြန်ကောက်စားနေတာပဲ၊ ဘာမှမထူးလာဘူးရှင့်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးခင်စိုးအဖွဲ့သည် ရေချိုကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းကြေးဟုဆိုကာ

မဲခေါင်၊ ဩဂုတ် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြကာ လစဉ်စစ်မှုထမ်းကြေး ငွေကောက်စားနေသည်ကို ကလောမြို့နယ်ရုံးတွင် ခေါ်ယူစစ်ဆေးသော်လည်း အရေးယူခြင်း မရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး၊ စာရေး ဟန်မျိုးဝေ၊ ဇောတိကျေးရွာတာဝန်ခံ ဦးမြင့်စိုးတို့သည် စစ်မှုထမ်းကြေးနှင့်မြေယာရောင်းဝယ်ရေးများတွင် ငွေကြေးကောက်စားသဖြင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကလောမြို့နယ်ရုံး၌ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ပြီးခဲ့တဲ့လက ကလောထွေအုပ်ရုံးမှာ သူတို့ကို ခေါ်စစ်တယ်။ သတင်းတွေ တအားထွက်လို့ ဟန်ပြခေါ်စစ်တာလောက်နဲ့ပဲ ပြီးသွားတာ။ ဘာမှ အရေးယူခံရတာမရှိဘူး။ အခုလည်း ပြန်ကောက်စားနေတာပဲ၊ ဘာမှမထူးလာဘူးရှင့်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးခင်စိုးအဖွဲ့သည် ရေချိုကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်ငါးသောင်းကျပ်ထက်မနည်းကို လတိုင်းကောက်စားနေသည့်အပြင် စစ်မှုထမ်းမလိုက်ချင်သူများကိုလည်း အုပ်ချုပ်ရေးမှူးက ငွေကြေးသိန်း ၁၈၀ တောင်းစားနေခြင်းဖြစ်သည်။

ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲသည်ဟု သတင်းထွက်သည့်သူများကိုလည်း ဖမ်းဆီးကာ ငွေကြေးတောင်းစားနေပြီး ငွေမပေးနိုင်ပါက စစ်မှုထမ်းသွားပါမည်ဟု ကတိကဝတ် ထိုးခိုင်းကာ စစ်မှုထမ်းသွားခိုင်းသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

“ဦးခင်စိုးရဲ့ သားဆို ဆေးနဲ့ ၂ ခါမိတာ အချုပ်လည်းမကျ စစ်မှုထမ်းလည်းမသွားရဘူး။ တခြား ဆေးမိတဲ့သူတွေဆို ငွေတောင်းတယ်။ ငွေမပေးနိုင်ရန် လက်မှတ်ထိုးခိုင်းပြီး စစ်မှုထမ်းသွားခိုင်းတယ်။ အဲ့ဒီစစ်မှုထမ်းရတဲ့သူတွေကို အသုံးချပြီးတော့လည်း သူကငွေပြန်ကောက်စားတယ်” ဟု ဒေသံတစ်ဦးကပြောသည်။

ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုသည် အိမ်ခြေတစ်ထောင်ကျော်ရှိသဖြင့် အုပ်ချုပ်ရေးမှူး ကောက်ခံသည့်ငွေသည် လစဉ် ကျပ်သိန်း ၄၀၀ ကျော်ရှိသည်ဟုလည်း ဒေသခံများကပြောသည်။

ထို့အပြင် ကျေးရွာအုပ်စုအတွင်း မြေယာအရောင်းအဝယ် လုပ်ပါကလည်း အုပ်ချုပ်ရေးမှူး ဦးခင်စိုးကိုသာမက ကျေးရွာတာဝန်ခံဆိုသည့် ဦးမြင့်စိုးဆိုသူကိုလည်း လက်မှတ်ထိုးကြေး ၃ သိန်းပေးရသည်ဟု ဒေသခံများကပြောသည်။

“အရင်ရက် သတင်းထဲပါတဲ့ ငွေပေးရတာကလည်း အမှန်ပဲ။ အုပ်ချုပ်ရေးမကဘူး ဇောတိကျေးရာခွဲ တာဝန်ခံလို့ပြောတဲ့ ဦးမြင့်စိုးအဖွဲ့ကိုလည်း လက်မှတ်ထိုးကြေး သုံးသိန်းပေးရတယ်။ ”ဟု ဇောတိဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ရှမ်းပြည်နယ် အစိုးရကမူ ကျေးရွာအုပ်ချုပ်ရေးမှူးများ ငွေတောင်းစားပါက အရေးယူမည်ဟု လွှတ်တော်တွင် လာရောက်ဖြေဆိုထားသည်။

ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုတွင် ဇောတိကျေးရွာ၊ တံတားဦးကျေးရွာ၊ လွယ်မယ်ရွာ၊ ရေချိုရွာ၊ လွယ်ဟပ်ရွာ၊ ထင်းရှူးကုန်းရွာ၊ ကျောက်စုရွာ၊ နတ်တော်ရွာစသည့် ကျေးရွာများပါဝင်သည်။

#MeKongNews
#ကလော
#ရှမ်းတောင်
#အုပ်ချုပ်ရေးမှူး
#စစ်မှုထမ်း
#လစဥ်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now