နေ့စဥ်သတင်း

ဟိုပုံးတွင် စစ်တပ်သိမ်းယူထားသည့် ပြည်သူပိုင်မြေများကို ဗိုလ်မှူးချုပ် သန့်ထင်စိုး အပါ စစ်အရာရှိများက ကိုယ်ပိုင်မြေကွက်အဖြစ် ခွဲဝေရယူထား

မဲခေါင် 2 Aug - 2026
မဲခေါင် | ဩဂုတ် ၁ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းနှင့် ညောင်ပင်ကျေးရွာအနီးရှိ ပြည်သူပိုင်စိုက်ပျိုးမြေများကို စစ်တပ်က တပ်ပိုင်မြေအဖြစ် သတ်မှတ်သိမ်းယူပြီးနောက် ဟိုပုံးအခြေစိုက် စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးအပါအဝင် စစ်အရာရှိများက ကိုယ်ပိုင်မြေကွက်များအဖြစ် ခွဲဝေရယူထားကြောင်း မြေသိမ်းခံဒေသခံများက ပြောသည်။ ဒေသခံများ၏ ပြောကြားချက်အရ ဗိုလ်မှူးချုပ် သန့်ထင်စိုးက မြေသုံးဧက ရယူထားပြီး ဒုဗိုလ်မှူးကြီးများ၊ ဗိုလ်မှူးများနှင့် ဗိုလ်ကြီးအဆင့်ရှိ စစ်အရာရှိများလည်း အမည်ပေါက်ဖြင့် မြေယာများကို ခွဲဝေပိုင်ဆိုင်ထားကြောင်း သိရသည်။ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တပ်ရင်းအသုံးပြုခြင်းမရှိဘဲ စစ်ဘက်အရာရှိများ၏ ကိုယ်ပိုင်မြေများအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက စွပ်စွဲထားသည်။ အဆိုပါမြေယာများမှာ မျိုးဆက်များစွာ စိုက်ပျိုးလုပ်ကိုင်လာသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများဖြစ်သော်လည်း

မဲခေါင် | ဩဂုတ် ၁

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းနှင့် ညောင်ပင်ကျေးရွာအနီးရှိ ပြည်သူပိုင်စိုက်ပျိုးမြေများကို စစ်တပ်က တပ်ပိုင်မြေအဖြစ် သတ်မှတ်သိမ်းယူပြီးနောက် ဟိုပုံးအခြေစိုက် စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးအပါအဝင် စစ်အရာရှိများက ကိုယ်ပိုင်မြေကွက်များအဖြစ် ခွဲဝေရယူထားကြောင်း မြေသိမ်းခံဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဗိုလ်မှူးချုပ် သန့်ထင်စိုးက မြေသုံးဧက ရယူထားပြီး ဒုဗိုလ်မှူးကြီးများ၊ ဗိုလ်မှူးများနှင့် ဗိုလ်ကြီးအဆင့်ရှိ စစ်အရာရှိများလည်း အမည်ပေါက်ဖြင့် မြေယာများကို ခွဲဝေပိုင်ဆိုင်ထားကြောင်း သိရသည်။

တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တပ်ရင်းအသုံးပြုခြင်းမရှိဘဲ စစ်ဘက်အရာရှိများ၏ ကိုယ်ပိုင်မြေများအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက စွပ်စွဲထားသည်။

အဆိုပါမြေယာများမှာ မျိုးဆက်များစွာ စိုက်ပျိုးလုပ်ကိုင်လာသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများဖြစ်သော်လည်း စစ်တပ်က တပ်ပိုင်မြေအဖြစ် သတ်မှတ်ပြီး မူလမြေပိုင်ရှင်များ၏ မြေယာအသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ကြောင်း၊ ထို့နောက် မူလပိုင်ရှင်များကို ကျူးကျော်သူများဟု စွပ်စွဲကာ မြေယာများမှ အတင်းအကျပ် ဖယ်ရှားခဲ့ကြောင်းလည်း သိရသည်။

မြေသိမ်းခံပြည်သူများက မြေပိုင်ဆိုင်မှုအထောက်အထားများ၊ မြေစာရင်းမှတ်တမ်းများနှင့် အခွန်ဆောင်စာရွက်စာတမ်းများကို စုဆောင်းထားပြီး မြေသိမ်းမှုဖြစ်စဉ်နှင့် စစ်အရာရှိများအကြား မြေယာခွဲဝေမှုများကို ဖော်ထုတ်စုံစမ်းပေးရန်နှင့် မူလပိုင်ရှင်များထံ မြေယာများ ပြန်လည်ပေးအပ်ပေးရန် တောင်းဆိုထားကြသည်။

“တပ်ပိုင်မြေလို့ သိမ်းပြီး နောက်ဆုံးတော့ အရာရှိတွေက ကိုယ်ပိုင်အမည်တွေနဲ့ ပြန်ခွဲယူသွားကြတာပါ။ သိမ်းထားတဲ့ မြေကွက်တွေကလည်း လမ်းမကြီးဘေးမှာရှိတဲ့ တန်ဖိုးမြင့်မြေတွေ ဖြစ်ပါတယ်။ မျိုးဆက်အဆက်ဆက် လုပ်ကိုင်လာတဲ့ မြေတွေကို ဆုံးရှုံးလိုက်ရတော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်” ဟု မြေသိမ်းခံတောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဟိုပုံးမြို့နယ် နောင်တောင်းနှင့် ညောင်ပင်ကျေးရွာအနီးရှိ မြေယာများနှင့်ပတ်သက်၍ ဒေသခံများနှင့် စစ်တပ်အကြား အငြင်းပွားမှုမှာ ၂၀၂၆ ခုနှစ်အစပိုင်းကတည်းက ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း စစ်တပ်က အဆိုပါဒေသရှိ မြေဧက ၅၆၁ ဒသမ ၇၅ ဧကကို “လပ်လပ်မြေ” အဖြစ် သတ်မှတ်ခဲ့ပြီး ဒေသခံတောင်သူများကို ဖယ်ရှားရန် အကြောင်းကြားခဲ့သည်။

သို့သော် ဒေသခံများက ယင်းမြေများမှာ လပ်လပ်မြေမဟုတ်ဘဲ မျိုးဆက်များစွာ စိုက်ပျိုးအသုံးပြုလာသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြသည်။

ယင်းနောက် မြေသိမ်းမှုကို ကန့်ကွက်သည့် ဒေသခံများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ်အတွင်း မြေဧက ၁၈,၃၆၀ ကျော် သိမ်းယူခံထားရကာ အိမ်ထောင်စု ၂၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မတ်လနှောင်းပိုင်းနှင့် ဧပြီလအစပိုင်းတွင် နောင်တောင်းနှင့် ညောင်ပင်ကျေးရွာများ၌ မြေဖျက်သိမ်းမှုကို ကန့်ကွက်ခဲ့သည့် ဒေသခံ ၁၂ ဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် PNO ဆက်စပ်လုံခြုံရေးအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူအချို့သာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်သူများမှာ ကာလအတန်ကြာ မိသားစုများနှင့် အဆက်အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုထားသည်။

ဇွန်လအတွင်းတွင်လည်း မြေသိမ်းခံရသည့် အိမ်ထောင်စုများအား နေအိမ်များကို ကိုယ်တိုင်ဖျက်သိမ်းရန်နှင့် ဖျက်သိမ်းစရိတ်အဖြစ် ငွေကျပ် ၅ သိန်းစီ ပေးဆောင်ရန် တောင်းဆိုခံရကြောင်း သိရပြီး ယခုနောက်ဆုံးတွင် သိမ်းယူထားသည့်မြေများကို စစ်ဘက်အရာရှိများ၏ ကိုယ်ပိုင်အမည်များဖြင့် ခွဲဝေထားသည်ဆိုသော စွပ်စွဲချက်များ ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။

#MeKongNews
#ရှမ်းတောင်
#ဟိုပုံး
#လယ်မြေ
#ကိုယ်ပိုင်မြေ
#သိမ်းယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now