နေ့စဥ်သတင်း

မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ကို တရုတ်ကဖမ်းပြီး မိုင်လားကို လွှဲပြောင်း၊ စစ်မှုထမ်းအကျုံးဝင် အမျိုးသားများကို NDAA က စစ်ကောင်စီထံ ပို့ဆောင်

မဲခေါင် 29 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၉ တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ကို တရုတ်ကဖမ်းပြီး မိုင်းလားတပ်ဖွဲ့-NDAA မှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းသို့ တရုတ်ဘက်က လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မိုင်းလားတပ်ဖွဲ့က လက်ခံပေးနေပြီး စစ်မှုထမ်းဖို့ အကျုံးဝင်သည့်သူများကို ကျိုင်းတုံမြို့ရှိ စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။ “ဖမ်းခံရတဲ့အထဲ ကျွန်တော့်အသိတွေလည်း ပါတယ်။ ဖမ်းပြီး မိုင်းလားကိုပို့တာ မိုင်းလားကနေ ကျိုင်းတုံကို ထပ်ပို့ပြီး စစ်သားစုဆောင်းရေးထဲ ပါသွားတဲ့ သူငယ်ချင်းလည်း ပါသွားပြီ။ ဗမာလူမျိုး ယောက်ျားလေးတွေဆို စစ်ကောင်စီကို လွှဲပေးတာ မိုင်းလားက” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

မဲခေါင်၊ ဇူလိုင် ၂၉

တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ကို တရုတ်ကဖမ်းပြီး မိုင်းလားတပ်ဖွဲ့-NDAA မှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းသို့ တရုတ်ဘက်က လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မိုင်းလားတပ်ဖွဲ့က လက်ခံပေးနေပြီး စစ်မှုထမ်းဖို့ အကျုံးဝင်သည့်သူများကို ကျိုင်းတုံမြို့ရှိ စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

“ဖမ်းခံရတဲ့အထဲ ကျွန်တော့်အသိတွေလည်း ပါတယ်။ ဖမ်းပြီး မိုင်းလားကိုပို့တာ မိုင်းလားကနေ ကျိုင်းတုံကို ထပ်ပို့ပြီး စစ်သားစုဆောင်းရေးထဲ ပါသွားတဲ့ သူငယ်ချင်းလည်း ပါသွားပြီ။ ဗမာလူမျိုး ယောက်ျားလေးတွေဆို စစ်ကောင်စီကို လွှဲပေးတာ မိုင်းလားက” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဖမ်းဆီးခံရသည့် မိန်းကလေးများကိုမူ မိုင်းလားတပ်ဖွဲ့က ပြန်လွှတ်ပေးသည်ဟု သိရပြီး အခြားလူမျိုးများကိုမူ သက်ဆိုင်သည့် အဖွဲ့အစည်းများကို လွှဲပေးခြင်းလည်း ရှိသည်ဟု သတင်းရင်းမြစ်ကပြောသည်။

“ကျွန်တော့် သူငယ်ချင်းနဲ့ အဆက်အသွယ်ပြန်ရတော့ ကျိုင်းတုံကို အပို့ခံရတာ သူသိသလောက်ဆို ရာနဲ့ချီရှိတယ်တဲ့” ဟု ၎င်းကပြောသည်။

ဇူလိုင်လ ၁၈ ရက်မှ စပြီး တရုတ်ရဲများက မြန်မာအလုပ်သမားများကို အရှိန်အဟုန်မြှင့်ပြီး စတင် ဖမ်းဆီးလျက်ရှိရာ ယမန်နေ့အထိ ဖမ်းဆီးလွှဲပြောင်းခြင်း ခံရသူ တစ်ထောင်ကျော် ရှိပြီဖြစ်သည်။

လက်ရှိ တရုတ်ဘက်ခြမ်းတွင် အထောက်အထားမစုံသူများကို တရုတ်က အဖမ်းအဆီးကြမ်းနေသဖြင့် မြန်မာနိုင်ငံသားများ သတိထားပြီး နေထိုင်နေကြရသည်။ ဇူလိုင်လ ၁၈ ရက်မှ ၂၆ ရက်နေ့အထိ တရုတ်ဘက်မှ မြန်မာမိုင်းလားဘက်သို့ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို တရုတ်က ပြန်ပို့နေသည်မှာ ၆ ကြိမ်ရှိပြီဖြစ်ပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော်ရှိပြီ ဖြစ်သည်။

ထိုပြန်ပို့လာသည့် ၁၀၀၀ ကျော်အနက် မိုင်းလားတပ်ဖွဲ့က ကျိုင်းတုံမြို့ရှိ စစ်ကောင်စီထံသို့ စစ်မှုထမ်းအကျုံးဝင်သူများကို ပြန်လည်လွှဲပြောင်းပေးသည်မှာလည်း ရာနှင့်ချီ ရှိပြီဖြစ်သည်။

ထိုသို့ မိုင်းလားတပ်ဖွဲ့က ပြန်ပို့ခံရသည့် လူငယ်များကို စစ်ကောင်စီထံ စစ်မှုထမ်းရန် လွှဲပြောင်းပေးသည် ဆိုသည့် သတင်းကြောင့်လည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာလူငယ်များကြားတွင် စိုးရိမ်မှု မြင့်တက်နေလျက်ရှိသည်။

“အဖမ်းခံရမှာ ကြောက်နေရတယ်ဗျာ။ အမှန်ဆို တရုတ်မှာက မြန်မာနိုင်ငံသားတွေကို တရားဝင်အလုပ်ခေါ်ယူတာကို ခွင့်ပြုတာ မရှိဘူးလို့လည်း သိထားတော့ ပိုစိုးရိမ်တယ်။ ပြန်ပို့ခံရရင်လည်း စစ်မှုထမ်းဖို့ လွှဲပြောင်းပေးတယ်လို့လည်း ကြားရတော့ နေ့တိုင်း စိုးရိမ်စိတ်နဲ့ ဖြစ်နေတယ်ဗျာ” ဟု ကျင်းဟုန်မြို့တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

အလုပ်သမားအရေး ကူညီနေသူများက တရုတ်နိုင်ငံဘက်တွင် မြန်မာနိုင်ငံသားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ကြိုးစားနေသော်လည်း တရုတ်အစိုးရက လက်ရှိအချိန်ထိ ခွင့်ပြုခြင်း မရှိသေးပေ။ ယင်းကဲ့သို့ ခွင့်ပြုချက်မရှိပဲ အလုပ်လုပ်နေသဖြင့် အလုပ်သမားအပေါ် အလုပ်ရှင်များက အလုပ်သမားခအား အပြည့်မပေးချေခြင်း မတရားခေါင်းပုံဖြတ်ခြင်းများ မကြာခဏ ပြုလုပ်နေကြသည်။

မိုင်းလားတပ်ဖွဲ့သည် စစ်ကောင်စီနှင့်နီးကပ်သည့် ဆက်ဆံရေးရှိပြီး ပုံမှန်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့်အဖွဲ့လည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင်လည်း မိုင်းလားတွင် နေထိုင်သည့် မန္တလေးတိုင်း ပကခ တာဝန်ခံကို မိုင်းလားတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သေးသည်။

#MeKongNews
#မိုင်းလား
#စစ်ကောင်စီ
#တရုတ်
#ကျင်းဟုန်
#စစ်မှုထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now