ကမ္ဘာ့သတင်း

ဒိုင်နှင့် ဖီဖာ ဘက်လိုက်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားမှ ထုတ်ရန် လက်မှတ်ထိုး တောင်းဆိုသူ ၆ သန်းကျော်လာ

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးများနှင့် ဖီဖာတို့ဘက်မှ ဘက်လိုက်မျက်နှာသာပေးမှုများ ရရှိခဲ့သည့် အာဂျင်တီးနားဘောလုံးအသင်းကို ပြိုင်ပွဲ၌ ဆက်ပြိုင်ခွင့် မပေးတော့ရန် ဆန္ဒကောက်ခံမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ လက်မှတ်ထိုး တောင်းဆိုသူပေါင်း ၆ သန်းကျော်သွားခဲ့ပြီဟု South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှုကို ဦးဆောင်သူများက ဒိုင်လူကြီးများနှင့် ဖီဖာတို့သည် မက်ဆီနှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားတို့အား ပြိုင်ပွဲမှ မထွက်သွားရစေရန် ဘက်လိုက်ဆွဲခေါ်မှု အမျိုးမျိုး လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ချန်ပီယံ မည်သည့်အသင်း ဖြစ်မည်ကို ကြိုတင်ဆုံးဖြတ်ပေးထားပါလျှင် အခြား ပြိုင်ပွဲဝင်အသင်းများအား မည်သည့်အတွက်ကြောင့် လာရောက်ယှဉ်ပြိုင်စေသနည်းဟု ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ဝေဖန်ခဲ့သည်။ ၁၆ သင်း

မဲခေါင်၊ ဇူလိုင် ၁၅

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးများနှင့် ဖီဖာတို့ဘက်မှ ဘက်လိုက်မျက်နှာသာပေးမှုများ ရရှိခဲ့သည့် အာဂျင်တီးနားဘောလုံးအသင်းကို ပြိုင်ပွဲ၌ ဆက်ပြိုင်ခွင့် မပေးတော့ရန် ဆန္ဒကောက်ခံမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ လက်မှတ်ထိုး တောင်းဆိုသူပေါင်း ၆ သန်းကျော်သွားခဲ့ပြီဟု South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှုကို ဦးဆောင်သူများက ဒိုင်လူကြီးများနှင့် ဖီဖာတို့သည် မက်ဆီနှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားတို့အား ပြိုင်ပွဲမှ မထွက်သွားရစေရန် ဘက်လိုက်ဆွဲခေါ်မှု အမျိုးမျိုး လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ချန်ပီယံ မည်သည့်အသင်း ဖြစ်မည်ကို ကြိုတင်ဆုံးဖြတ်ပေးထားပါလျှင် အခြား ပြိုင်ပွဲဝင်အသင်းများအား မည်သည့်အတွက်ကြောင့် လာရောက်ယှဉ်ပြိုင်စေသနည်းဟု ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ဝေဖန်ခဲ့သည်။

၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အီဂျစ်အသင်းနှင့် ရင်ဆိုင်ရာ ပွဲချိန်အစောပိုင်း မက်ဆီ ပင်နယ်တီမဝင်သလို ၂ -၀ ရလဒ်ဖြင့် ရှုံးနေခဲ့ပြီးမှ ၁၃ မိနစ်အတွင်း ၃ ဂိုးပြန်သွင်းပြီး အာဂျင်တီးနား အနိုင်ရသွားမှု၌ အငြင်းပွားစရာများစွာ ရှိခဲ့သည်။

အီဂျစ်အသင်း ရရှိသည့်တစ်ဂိုးကို VAR ကြည့်ကာ ပြန်လည် ပြင်ဆင်ဆုံးဖြတ်ရာတွင် ဂိုးမသွင်းမီ အစောပိုင်းကတည်းက ပြစ်ဒဏ်တစ်ခု ရှိခဲ့သည်ဆိုကာ ဂိုးကိုပယ်ဖျက်ခဲ့သည်။

အာဂျင်တီးနားရရှိသော နောက်ကျအနိုင်ဂိုးတွင်လည်း အီဂျစ်ကစားသမား မိုဆာလက်ချ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှု ရှိသော်လည်း ထိုအခြေအနေတွင်မူ ဂိုးခွင့်ပြုခဲ့သဖြင့် အီဂျစ်နည်းပြ ဟော့ဆန်ဟက်ဆန်က မက်ဆီကို ဖီဖာက ပြိုင်ပွဲမှ မထွက်စေချင်ခဲ့ဟု ဝေဖန်ခဲ့သည်။

ဖီဖာသည် သန့်ရှင်းမျှတခြင်းကို မြှင့်တင်လှုံ့ဆော်နေခဲ့သော်လည်း ကွင်းအတွင်း မျှတမှုတစ်ခုမှ မတွေ့ခဲ့ရဟု ဟက်ဆန်က ဝေဖန်ခဲ့သည်။

ထိုဝေဖန်မှုများကို အာဂျင်တီးနားနည်းပြ စကာလိုနီကမူ ငြင်းပယ်သွားခဲ့ပြီး VAR စနစ်အသုံးပြုသော ယနေ့ခေတ်တွင် မျက်နှာသာပေး ဘက်လိုက်ခြင်းမျိုး မရှိနိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

ကိုကလင်း
Ref:Thaibpsworld
#MeKongNews
#ဖီဖာ
#ဘက်လိုက်မှု
#အာဂျင်တီးနား
#ကမ္ဘာ့ဖလား
#လက်မှတ်ထိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now