ကမ္ဘာ့သတင်း

ကမ္ဘာ့ပထမဆုံး လူမဲ့ ကမ်းတက်တိုက်ပွဲ စစ်ဆင်ရေး ယူကရိန်း ဖော်ဆောင်

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ ရုရှားက သိမ်းပိုက်ထားသော ယူကရိန်းတောင်ပိုင်းမှ သူတင်ကိုယ်တင်ဖြစ်နေသည့် ကမ်းရိုးတန်းဒေသတစ်ခု၌ ပင်လယ်ပြင်ဒရုန်းများ၊ မြေပြင်တိုက်ခိုက်ရေး ရိုဘော့များ အသုံးပြု၍ လူမဲ့ကမ်းတက်တိုက်ပွဲ စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ခဲ့သည်ဟု ယူကရိန်းစစ်ဘက်က ပြောကြားသည်။ ၎င်းမှာ ကမ္ဘာ့ပထမဆုံး လူမဲ့ကမ်းတက်မစ်ရှင်ဟုလည်း ၎င်းတို့က ပြောသည်။ တနင်္လာနေ့တွင် ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် အလိုအလျောက်စနစ်နှင့် သင်္ဘောတစ်စီး ရေထဲမှသွားလာပြီး ကမ်းကပ်သွားသည်ကို မြင်တွေ့ရသည်။ ထို့နောက် မောင်းသူမဲ့ယာဉ်တစ်စီး သင်္ဘောပေါ်မှ ဆင်းသွားပြီး မြေပြင်ပေါ်တက်သွားသည်ကို မြင်တွေ့ရသည်။ ကမ်းပေါ်တက်ပြီးချိန်မှာပင် ယင်းယာဉ်က တပ်ဆင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်နေသည်ကိုလည်း မြင်တွေ့ရသည်။ ယင်းအောင်မြင်မှု၏ အရေးပါပုံနှင့် ပတ်သက်၍ မစ်ရှင်ကို ကွပ်ကဲခဲ့သော ယူကရိန်းတပ်ဖွဲ့က အလေးထား

မဲခေါင်၊ ဇူလိုင် ၁၅

ရုရှားက သိမ်းပိုက်ထားသော ယူကရိန်းတောင်ပိုင်းမှ သူတင်ကိုယ်တင်ဖြစ်နေသည့် ကမ်းရိုးတန်းဒေသတစ်ခု၌ ပင်လယ်ပြင်ဒရုန်းများ၊ မြေပြင်တိုက်ခိုက်ရေး ရိုဘော့များ အသုံးပြု၍ လူမဲ့ကမ်းတက်တိုက်ပွဲ စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ခဲ့သည်ဟု ယူကရိန်းစစ်ဘက်က ပြောကြားသည်။

၎င်းမှာ ကမ္ဘာ့ပထမဆုံး လူမဲ့ကမ်းတက်မစ်ရှင်ဟုလည်း ၎င်းတို့က ပြောသည်။

တနင်္လာနေ့တွင် ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် အလိုအလျောက်စနစ်နှင့် သင်္ဘောတစ်စီး ရေထဲမှသွားလာပြီး ကမ်းကပ်သွားသည်ကို မြင်တွေ့ရသည်။

ထို့နောက် မောင်းသူမဲ့ယာဉ်တစ်စီး သင်္ဘောပေါ်မှ ဆင်းသွားပြီး မြေပြင်ပေါ်တက်သွားသည်ကို မြင်တွေ့ရသည်။

ကမ်းပေါ်တက်ပြီးချိန်မှာပင် ယင်းယာဉ်က တပ်ဆင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်နေသည်ကိုလည်း မြင်တွေ့ရသည်။

ယင်းအောင်မြင်မှု၏ အရေးပါပုံနှင့် ပတ်သက်၍ မစ်ရှင်ကို ကွပ်ကဲခဲ့သော ယူကရိန်းတပ်ဖွဲ့က အလေးထား ပြောကြားခဲ့ရာတွင် လူလိုက်ပါခြင်းမရှိ သောပင်လယ်ပြင် ပလက်ဖောင်းတစ်ခုဖြင့် မြေပြင်ရိုဘော့စက်ရုပ်တစ်ခုအား သိမ်းပိုက်နယ်မြေတစ်ခုသို့ ပို့ဆောင်၍ တိုက်ခိုက်ခိုင်းခြင်းမှာ ကမ္ဘာပေါ်တွင် ပထမဆုံးအောင်မြင်မှု ဖြစ်သည်ဟု ပြောသည်။

မောင်းသူမဲ့ရေယာဉ် ကမ်းကပ်ခဲ့သော နေရာသည် ပင်လက်နက်ကို မျက်နှာမူနေသော ယူကရိန်း၏ မိုက်ကိုလေ့ဗ်ဒေသ တစ်စိတ်တစ်ပိုင်းဖြစ်သော ကင်းဘန်းစပစ်ဒေသမှ ကျဉ်းမြောင်းသည့်သဲသောင်ပြင်နေရာတစ်ခု ဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ပြောသည်။

ထိုနေရာနှင့်ကပ်လျက် ခါဆန်ဒေသကို ရုရှားတို့က သိမ်းပိုက်ထားသည်။

ရုရှားတို့၏ စောင့်ကြည့်စနစ်များ၊ လက်နက်ကြီးများနှင့် ဒရုန်းလှုပ်ရှားမှုများ ရှိနေသောကြောင့် ကင်းဘန်းစပစ်ဒေသသည် သမားရိုးကျ ကမ်းတက်တိုက်ပွဲ ဆင်နွဲမည့် စစ်ဆင်ရေးများအတွက် အလွန်အန္တရာယ်များကြောင်း ယူကရိန်းမီဒီယာသတင်းများက ဖော်ပြကြသည်။

လူလိုက်ပါခြင်းမရှိသော ရေပြင်သွားသင်္ဘောများ အသုံးပြု၍ လက်နက်တပ်ဆင်ထားသော မြေပြင်ရိုဘော့များ ပို့ဆောင်နိုင်ခြင်းသည် စစ်သားများကို အသက်အန္တရာယ် မဖြစ်စေဘဲ သိမ်းပိုက်ခံနယ်မြေများတွင် စစ်ဆင်ရေးများ လုပ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်းလည်း သတင်းဌာနက မှတ်ချက်ပြုသည်။

အေးကျော်
Ref:NHK
#MeKongNews
#ကမ္ဘာ့ပထမဆုံး
#လူမဲ့
#ကမ်းတက်တိုက်ပွဲ
#စစ်ဆင်ရေး
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now