နေ့စဥ်သတင်း

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်ကြသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲနေ

မဲခေါင် 13 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ ၏ အလုပ်အကိုင်များကို လုယက်မောင်းနှင်နေကြသည်ဟု ဒေသခံများက စွပ်စွဲပြောဆိုနေကြကြောင်း ထိုင်းဘက်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ ရေးသားလာသည်ဟု တာချီလိတ်ဒေသခံများခံမှ သိရသည်။ ယင်းရေးသားမှုကို ယမန်နေ့ ဇူလိုင် ၁၂ ရက်က ဖော်ပြလာခြင်းဖြစ်ပြီး ၎င်းပို့စ်အောက်တွင် မှတ်ချက်များမှာလည်း အရေးယူပေးရန် တာဝန်ရှိသူများကို ရည်ညွှန်း၍ ရေးသားထားကြသည်ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။ ယင်းပို့စ်တွင် “ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ အခု လက်ရှိ အိမ်နီးနားချင်းနိုင်ငံကလာတဲ့

မဲခေါင်၊ ဇူလိုင် ၁၃

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ ၏ အလုပ်အကိုင်များကို လုယက်မောင်းနှင်နေကြသည်ဟု ဒေသခံများက စွပ်စွဲပြောဆိုနေကြကြောင်း ထိုင်းဘက်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ ရေးသားလာသည်ဟု တာချီလိတ်ဒေသခံများခံမှ သိရသည်။

ယင်းရေးသားမှုကို ယမန်နေ့ ဇူလိုင် ၁၂ ရက်က ဖော်ပြလာခြင်းဖြစ်ပြီး ၎င်းပို့စ်အောက်တွင် မှတ်ချက်များမှာလည်း အရေးယူပေးရန် တာဝန်ရှိသူများကို ရည်ညွှန်း၍ ရေးသားထားကြသည်ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းပို့စ်တွင် “ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ အခု လက်ရှိ အိမ်နီးနားချင်းနိုင်ငံကလာတဲ့ သုံးဘီးဆိုင်ကယ်တွေဟာ တက္ကစီဆိုင်းဘုတ်တွေ တပ်ဆင်ပြီး ပြေးဆွဲနေကြတယ်လို့ မယ်ဆိုင်ဒေသခံတွေက ထပ်မံတိုင်ကြားလာပါတယ်။ ဒီလိုမျိုး လုပ်ဆောင်နေတာဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်ကို လုယူနေတာ မဟုတ်ဘူးလားခင်ဗျာ”ဟု ရေးသားထားပြီး မြန်မာလို ဗန္ဓုလဟု တံဆိပ်တပ်ထားကာ TAXI ဟု အင်္ဂလိပ်လို ဆိုင်းဘုတ်ကပ်ထားပြီး မယ်ဆိုင်မြို့တွင်း ခရီးသည်တင်မောင်နှင်နေပုံကို ဖော်ပြထားသည်။

ယင်းသို့ တိုင်ကြားချက်များ ထွက်ပေါ်လာသည့်အတွက် တာချီလိတ်ဘက်မှ သုံးဘီးဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် မြန်မာဘက်မှ ခရီးသည်အချို့ကို မယ်ဆိုင်ဘက်သို့ ပို့ဆောင်ပြီးသည်နှင့် ရောက်သည့်နေရာတွင် အချိန်ဆွဲမနေဘဲ ချက်ချင်း တာချီလိတ်ဘက်သို့ ပြန်လာသင့်သည်ဟု တာချီလိတ် ဒေသခံများက အကြံပြုထားသည်။

ထို့ပြင် ယခုပုံပါအတိုင်း မယ်ဆိုင်ဘက်ရှိ အဝေးပြေးကားဂိတ်များတွင် ခရီးသည် ပို့ဆောင်ပြီးနောက် ထိုနေရာမှာပဲ ဆက်လက်၍ ခရီးသည် စောင့်ဆိုင်းနေခြင်းသည် ကုန်းလမ်းပို့ဆောင်ရေးဥပဒေနှင့် မကိုက်ညီကြောင်း၊ သုံးဘီးဆိုင်ကယ် Taxi ဟု ထင်ထင်ပေါ်ပေါ် ရေးသားကြော်ငြာခြင်းသည် ထိုင်းဘက်တွင် ဥပဒေနှင့် မကိုက်ညီကြောင်း ရေးသားထားသည်။

ယင်းကိစ္စအပေါ် “ကားကြီးကွင်းကနေ မြန်မာဘက်က တက္ကစီသမားမှ မဟုတ်ဘူး ဘယ်သူမှ ကြိုပိုင်ခွင့်မရှိဘူး။ အခုက မြန်မာဖက်ကနေ ခရီးသည်ကို မယ်ဆိုင်ကားကြီးကွင်းအထိ လိုက်ပို့ပေးတာ ဒါကလဲ ၂ နိုင်ငံခွင့်ပြုချက်နဲ့ ပို့ဆောင်ပေးကြတာပါ။ ဒါကို ထိုင်းဘက်က အနီရောင်လိုင်းကားသမားတွေက မနာလိုတာပါ။ သူတို့ဖြစ်စေချင်တာက ခရီးသည်တွေကို မယ်ဆိုင် တံတားထိပ်မှာပဲချခဲ့၊ သူတို့က မယ်ဆိုင်ကားကြီးကွင်းထဲအထိ လိုက်ပို့ချင်တာပါ။ မယ်ဆိုင်ကားကြီးကွင်းကနေ ကြိုကြည့်ပါလား။ ဒီကောင်တွေ အုပ်စုလိုက်ကြီးကို ဝိုင်းပစ်တာ။ မြန်မာဖက်က သုံးဘီးသမားတွေလည်း သိပါတယ်။ ပို့ခွင့်ပဲ ရှိတယ်၊ ကြိုခွင့်မရှိဘူး ဆိုတာ” ဟု မြန်မာသုံးဘီးဆိုင်ကယ် သမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ လုံးဝ မလုပ်ရမည့် အသက်မွေးဝမ်းကျောင်းအလုပ် ၂၇ မျိုးထဲတွင် မော်တော်ယာဥ် မောင်းနှင်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။

သို့အတွက် အဖမ်းအဆီး များပြားနေသည်ဖြစ်ရာ မယ်ဆိုင်တွင်လည်း မြန်မာသုံးဘီးဆိုင်ကယ် TAXI များကို ဖမ်းဆီးခြင်း၊ ကန့်သတ်ခံရခြင်းများ ရှိလာနိုင်ကြောင်း အသိပေး အကြံပြုနေခြင်းဖြစ်သည်။

#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#သုံးဘီးဆိုင်ကယ်
#ထိုင်းတက္ကစီသမားများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now